Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စက်တပ်လေထီးနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီလ ၂၈ ရက်က မနက်အစောပိုင်း ၄ နာရီခန့်က ရွာတန်းရှည်ရွာကို လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ လင်မယား နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသားက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ အဲဒီဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

” အမျိုးသားက ပေါင်မှာ ဒဏ်ရာပြင်းတော့ နွားထိုးကြီးဆေးရုံကိုပို့ပေးခဲ့တယ်” ရွာတန်းရှည်ရွာ ဒေသခံတစ်ဦး ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၂၆ နှစ်အရွယ် လို့သိရပါတယ်။ ဒါအပြင် တိုက်ခိုက်မှု အတွင်း ရွာတန်းရှည်ရွာက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။

စစ်ကောင်စီတပ်ဟာ မိတ္ထီလာလေတပ်စခန်းကနေ မိုင် ၁၀၀ ပတ်လည်အတွင်းမှာရှိတဲ့ မြို့နယ်တွေက ကျေးရွာတွေကို စက်တပ်လေထီးသုံးပြီး တိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။

တောင်သာ၊နွားထိုးကြီး ၊ ကျောက်ပန်းတောင်းနဲ့ မလှိုင်မြို့နယ်အတွင်းမှာ နေ့စဥ်နီးပါး တိုက်ခိုက်နေတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဗုံးခိုးကျင်းတူးတာတွေ၊ ညဘက်တွေမှာရှောင်တိမ်းရတာတွေပါ လုပ်ဆောင်လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် နေရာများ၌ စက်တပ်လေထီးများကို စစ်ကောင်စီက ဖြန့်ကျက်ထားကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့