Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာ စက်တပ်လေထီးနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မလှိုင်မြို့နယ်ထဲက ရွာတန်းရှည်ရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဇန်နဝါရီလ ၂၈ ရက်က တိုက်ခိုက်လာတာကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီလ ၂၈ ရက်က မနက်အစောပိုင်း ၄ နာရီခန့်က ရွာတန်းရှည်ရွာကို လူလိုက်ပါတဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒေသခံ လင်မယား နှစ်ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးကတော့ ပွဲချင်းပြီး သေဆုံးကာ အမျိုးသားက ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ အဲဒီဒေသခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

” အမျိုးသားက ပေါင်မှာ ဒဏ်ရာပြင်းတော့ နွားထိုးကြီးဆေးရုံကိုပို့ပေးခဲ့တယ်” ရွာတန်းရှည်ရွာ ဒေသခံတစ်ဦး ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၂၆ နှစ်အရွယ် လို့သိရပါတယ်။ ဒါအပြင် တိုက်ခိုက်မှု အတွင်း ရွာတန်းရှည်ရွာက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။

စစ်ကောင်စီတပ်ဟာ မိတ္ထီလာလေတပ်စခန်းကနေ မိုင် ၁၀၀ ပတ်လည်အတွင်းမှာရှိတဲ့ မြို့နယ်တွေက ကျေးရွာတွေကို စက်တပ်လေထီးသုံးပြီး တိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။

တောင်သာ၊နွားထိုးကြီး ၊ ကျောက်ပန်းတောင်းနဲ့ မလှိုင်မြို့နယ်အတွင်းမှာ နေ့စဥ်နီးပါး တိုက်ခိုက်နေတာဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဗုံးခိုးကျင်းတူးတာတွေ၊ ညဘက်တွေမှာရှောင်တိမ်းရတာတွေပါ လုပ်ဆောင်လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။