Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူတစ်ဦး သေဆုံး၊နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်နေ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများ ပြန် လည်ရယူရန် စစ်ကောင်စီတပ်က အင်အား ၃၀၀ကျော်ဖြင့် ကျေးရွာများ စစ်ကြောင်းထိုးလာစဥ် လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေါင်းစစ်အောင်(LPDF)တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ၂၈ ရက်က စလင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းများမှ အင်အား ၃၀၀ကျော်သည် စလင်းမြို့မြောက်ဘက် တောတွင်၊ သာစည်၊ မိုး၀င်းနှင့် သရက်ချဉ်စသည့်ကျေးရွာများသို့ ဦိးတည်စစ်ကြောင်းထိုးလာပြီး မြင်းခေါင်းကျေးရွာအရှေ့ဘက်နှင့် အနောက်ဘက်တွင် လက်နက်ကြီးတပ်ဆင်၍ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၎င်းတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုး၀င်းကျေးရွာမှ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲရာ (၁၆) နှစ်အရွယ်အမျိုးသမီး တစ်ဦးသေဆုံးပြီး (၈)နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက်(၄၀)ခန့်အရွယ်အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် မိုးဝင်းနှင့် သရက်ချဥ်ကျေးရွာများသို့ဝင်ရောက်ရန် ချဥ်းကပ်လာစဥ် ဒေါင်စစ်အောင်အဖွဲ့မှဆင်ထားသော ရှေ့ပွိုင့်မိုင်းထိပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး စာရင်းအတိအကျ မသိရသေးဟု ဒေါင်းစစ်အောင်က အသိပေးသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေဖြစ်သော သရက်ချဥ်ကျေးရွာသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းစဥ် ဒေါင်းစစ်အောင်(LPDF)၊ မင်းဘူးခရိုင်လက်ရုံးအဖွဲ့၊ ဗမာ့တပ်တော်အဖွဲ့၊ မင်းဘူးခရိုင်တပ်ရင် (၅)တို့နှင့် နှစ်ဘက်တိုက်ပွဲ ၁နာရီကြာ ဖြစ်ပွားခဲ့သည်ဟု ဒေါင်းစစ်အောင်က အသိပေးသည်။

“အခုချိန်အထိ ဟိုဘက်ဒီဘက် စစ်ဆိုင်ထားဆဲပါပဲဗျ။ ထိတွေ့မှုတွေလည်း ထပ်ရှိလာနိုင်ပါတယ်”ဟု ဒေါင်းစစ်အောင်တပ်ဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်များသည် ပြည်သူများထွက်ပြေးတိမ်းရှောင်နေသည်ကို အခွင့်ကောင်းယူ၍ နေအိမ်များအား ဖောက်ထွင်းကာ ပြည်သူပိုင်ပစ္စည်းများကို (၁၂)ဘီးယာဥ်များဖြင့် စလင်းမြို့ပေါ်သို့ ခိုးယူသယ်ဆောင်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူရှိနိုင်ပြီး တော်လှန်ရေးအဖွဲ့များမှ အထိအခိုက်မရှိ ဘေးကင်းစွာတိုက်ခိုက်နိုင်ခဲ့ကြောင်း ဒေါင်းစစ်အောင်တပ်ဖွဲ့က အသိပေးထားသည်။

စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ-၂၅၃ တပ်ရင်းမှ စစ်မှုထမ်းအပတ်စဥ်(၅)ဆင်း တပ်သားသစ်နှစ်ဦးသည် ဇန်နဝါရီ ၂၄ ရက်က ဒေါင်းစစ်အောင်တပ်ဖွဲ့ထံသို့ အလင်းဝင်ခိုလှုံခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။