Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း တည်ငြိမ်သည်ဟု ပြသလိုသည့်စစ်ကောင်စီက ဝန်ထမ်းများအား အတင်းအကြပ်သင်တန်းပေးပြီး အပြင်ထွက်လျှင် ယူနီဖောင်းမဖြစ်မနေ ဝတ်ခိုင်း

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

ကဖေး/People’s Spring

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

” အကြောင်းမရှိအကြောင်းရှာပြီး သင်တန်းတွေခေါ်နေတယ်။ တိုင်းထဲကမြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပုသိမ် တစ်လှည့်၊ ဟင်္သာတမှာ တစ်လှည့် သင်တန်းတွေခေါ်နေတာ။သင်တန်းလာရင် ယူနီဖောင်းမဖြစ်မနေဝတ်ရတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဆိုတာကိုပြချင်နေတာ”ဟု ဇန်နဝါရီ၂၄ရက်က ပုသိမ် တက္ကသိုလ်တွင် သင်တန်းတက်ခဲ့သည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပုသိမ်နှင့် ဟင်္သာတတက္ကသိုလ် တွင် G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်းဟုဆိုကာ ဇန်နဝါရီတတိယပတ်ကစ၍ သင်တန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ယူနီဖောင်းကို ကျွန်မတို့က မဝတ်ချင်ဘူး။ ဒါပေမဲ့ မဝတ်မနေရဝန်ခိုင်းတယ်။ လူတွေက ကျမတို့ကို အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တာ မခံချင်လို့ မဝတ်ရဖို့ပြောလည်းမရဘူး”ဟု ဧရာဝတီတိုင်း ဇလွန်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဟင်္သာတမြို့တွင်ကျုံပျော်၊မြန်အောင် နှင့် ဟင်္သာတခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆင့်ခေါ်၍ G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း ပေးနေသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံ၊ ကေကြည်နှင့် သာပေါင်းမြို့နယ်တို့၌ အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီက ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့တို့တွင် ခံစစ်ပြင်ဆင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။