Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီတိုင်း တည်ငြိမ်သည်ဟု ပြသလိုသည့်စစ်ကောင်စီက ဝန်ထမ်းများအား အတင်းအကြပ်သင်တန်းပေးပြီး အပြင်ထွက်လျှင် ယူနီဖောင်းမဖြစ်မနေ ဝတ်ခိုင်း

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

ကဖေး/People’s Spring

ဧရာဝတီတိုင်းအတွင်း တည်ငြိမ်အေးချမ်းနေသည်ဟု ပြသလိုသည့်စစ်ကောင်စီက ဌာနဆိုင်ရာဝန်ထမ်းများအား ပုသိမ်နှင့်ဟင်္သာတမြို့သို့ခေါ်၍ သင်တန်းများပေးနေသည်။

” အကြောင်းမရှိအကြောင်းရှာပြီး သင်တန်းတွေခေါ်နေတယ်။ တိုင်းထဲကမြို့နယ်တွေက ဌာနဆိုင်ရာဝန်ထမ်းတွေကို ပုသိမ် တစ်လှည့်၊ ဟင်္သာတမှာ တစ်လှည့် သင်တန်းတွေခေါ်နေတာ။သင်တန်းလာရင် ယူနီဖောင်းမဖြစ်မနေဝတ်ရတယ်။ တည်ငြိမ်အေးချမ်းနေတယ်ဆိုတာကိုပြချင်နေတာ”ဟု ဇန်နဝါရီ၂၄ရက်က ပုသိမ် တက္ကသိုလ်တွင် သင်တန်းတက်ခဲ့သည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပုသိမ်နှင့် ဟင်္သာတတက္ကသိုလ် တွင် G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်းဟုဆိုကာ ဇန်နဝါရီတတိယပတ်ကစ၍ သင်တန်းပေးခဲ့သည်။

Public Service Announcement

Public Service Announcement

“ယူနီဖောင်းကို ကျွန်မတို့က မဝတ်ချင်ဘူး။ ဒါပေမဲ့ မဝတ်မနေရဝန်ခိုင်းတယ်။ လူတွေက ကျမတို့ကို အထင်သေးတဲ့မျက်လုံးနဲ့ကြည့်တာ မခံချင်လို့ မဝတ်ရဖို့ပြောလည်းမရဘူး”ဟု ဧရာဝတီတိုင်း ဇလွန်မြို့မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဟင်္သာတမြို့တွင်ကျုံပျော်၊မြန်အောင် နှင့် ဟင်္သာတခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆင့်ခေါ်၍ G12 အောင်ချက်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း ပေးနေသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ရွှေသောင်ယံ၊ ကေကြည်နှင့် သာပေါင်းမြို့နယ်တို့၌ အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီက ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့တို့တွင် ခံစစ်ပြင်ဆင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ ဧရိယာ ကျယ်ပြန့်လာချိန်မှာပဲ ပုသိမ်အကျဉ်းထောင်ထဲ မှာ ထောင်တွင်း တင်းကျပ်မှုတွေ ကိုထောင်အာဏာပိုင်တွေက လုပ်ဆောင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ရခိုင် နှင့် ဧရာဝတီနယ်စပ်ဒေသမှတိုက်ပွဲများတွင် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် စစ်သားစုဆောင်းခံရသူများ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်နှင့်ပဲခူးတိုင်းနယ်စပ်သို့ ထပ်မံပို့ဆောင်ခံနေရ​ကြောင်းတပ်မိသားစုဝင်အချို့က​ပြောသည်။