Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်က မြသိန်းတန်​စေတီမှာအင်အားထပ်တိုး

မင်းကွန်းမြို့၊ မြသိန်းတန်​စေတီပေါ်မှာ စစ်တပ်ကအင်အားထပ်တိုး​နေပြီး အနီးပတ်ဝန်းကျင်မှာလည်း ဒီမနက်လေယာဥ်ဝဲတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

စစ်​ကောင်စီတပ်က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ မြသိန်းတန်​စေတီ​ပေါ် တပ်စွဲပြီး ပတ်ဝန်းကျင်ရှိ ခြုံနွှယ်​တွေကို ပစ်ကွင်းရှင်း​အောင် ရှင်းလင်းစဥ်။ ဓါတ်ပုံ-Cincds

ရှိန်း/People’s Spring

မင်းကွန်းမြို့၊ မြသိန်းတန်​စေတီပေါ်မှာ စစ်တပ်ကအင်အားထပ်တိုး​နေပြီး အနီးပတ်ဝန်းကျင်မှာလည်း ဒီမနက်လေယာဥ်ဝဲတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဇန်နဝါရီလ၂၇ရက်နေ့က မြသိန်းတန်​စေတီရဲ့မြောက်ဘက်မှာတော်လှန်ရေးတပ်တွေနဲ့ တပ်မ (၃၃) လက်​အောက်ခံတပ်ခွဲတခုတို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၂၉ ရက်​နေ့ ကမင်းကွန်းမြို့ရဲ့မြောက်ဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ပြင်နေတဲ့စစ်တပ်ဟာ ပြန်လည်ဆုတ်ခွာခဲ့ပြီး မြသိန်းတန်စေတီပေါ်မှာပဲတပ်စွဲထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“လွန်ခဲ့တဲ့၂လလောက်ကလေ ကျွန်တော်တို့တိုက်ပွဲတွေဖြစ်တယ်။ အဲဒီကတည်းက ဒီနေရာကိုသူတို့ကကင်းသဘောလုပ်ထားတာ။ အခုတော့ အင်အားတေွထပ်တိုးပြီးတပ်စွဲလိုက်တာ”လို့ ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်လည်း မင်းကွန်းမြို့ဘေးကကျေးရွာတွေကို စစ်တပ်ကလေယာဥ်ဆက်တိုက်ဝဲနေတယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့ ပစ်ခတ်မှုမရှိဘဲ ငြိမ်နေပြီး စစ်တပ်ကလည်း​မြို့မြောက်ဘက်ကကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ဆိုပါတယ်။

“အခုကတော့သူစောင့်ကိုစောင့် စောင့်နေကြတာ။ သူတို့လည်းတက်မလာဘူး”လို့ ဗိုလ်ကျားကြီးကပြောပါတယ်။

မင်းကွန်းမြို့ပတ်လည်ကိုစစ်တပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး၂၀၂၄ခုနှစ်ဇူလိုင်လ၂၄ ရက်နေ့ကလည်း မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ကျောင်းဘေးကနေအိမ်တွေနဲ့ မြသိန်းတန်ဘုရားအနီးကနေအိမ်၃၀လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။