Connect with us

Hi, what are you looking for?

သတင်း

စစ်​တပ်က မြသိန်းတန်​စေတီမှာအင်အားထပ်တိုး

မင်းကွန်းမြို့၊ မြသိန်းတန်​စေတီပေါ်မှာ စစ်တပ်ကအင်အားထပ်တိုး​နေပြီး အနီးပတ်ဝန်းကျင်မှာလည်း ဒီမနက်လေယာဥ်ဝဲတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

စစ်​ကောင်စီတပ်က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ မြသိန်းတန်​စေတီ​ပေါ် တပ်စွဲပြီး ပတ်ဝန်းကျင်ရှိ ခြုံနွှယ်​တွေကို ပစ်ကွင်းရှင်း​အောင် ရှင်းလင်းစဥ်။ ဓါတ်ပုံ-Cincds

ရှိန်း/People’s Spring

မင်းကွန်းမြို့၊ မြသိန်းတန်​စေတီပေါ်မှာ စစ်တပ်ကအင်အားထပ်တိုး​နေပြီး အနီးပတ်ဝန်းကျင်မှာလည်း ဒီမနက်လေယာဥ်ဝဲတာတွေဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ဇန်နဝါရီလ၂၇ရက်နေ့က မြသိန်းတန်​စေတီရဲ့မြောက်ဘက်မှာတော်လှန်ရေးတပ်တွေနဲ့ တပ်မ (၃၃) လက်​အောက်ခံတပ်ခွဲတခုတို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၂၉ ရက်​နေ့ ကမင်းကွန်းမြို့ရဲ့မြောက်ဘက်ကကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ပြင်နေတဲ့စစ်တပ်ဟာ ပြန်လည်ဆုတ်ခွာခဲ့ပြီး မြသိန်းတန်စေတီပေါ်မှာပဲတပ်စွဲထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“လွန်ခဲ့တဲ့၂လလောက်ကလေ ကျွန်တော်တို့တိုက်ပွဲတွေဖြစ်တယ်။ အဲဒီကတည်းက ဒီနေရာကိုသူတို့ကကင်းသဘောလုပ်ထားတာ။ အခုတော့ အင်အားတေွထပ်တိုးပြီးတပ်စွဲလိုက်တာ”လို့ ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်လည်း မင်းကွန်းမြို့ဘေးကကျေးရွာတွေကို စစ်တပ်ကလေယာဥ်ဆက်တိုက်ဝဲနေတယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့ ပစ်ခတ်မှုမရှိဘဲ ငြိမ်နေပြီး စစ်တပ်ကလည်း​မြို့မြောက်ဘက်ကကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့ဆိုပါတယ်။

“အခုကတော့သူစောင့်ကိုစောင့် စောင့်နေကြတာ။ သူတို့လည်းတက်မလာဘူး”လို့ ဗိုလ်ကျားကြီးကပြောပါတယ်။

မင်းကွန်းမြို့ပတ်လည်ကိုစစ်တပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိပြီး၂၀၂၄ခုနှစ်ဇူလိုင်လ၂၄ ရက်နေ့ကလည်း မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ကျောင်းဘေးကနေအိမ်တွေနဲ့ မြသိန်းတန်ဘုရားအနီးကနေအိမ်၃၀လောက်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

ဂေဇက်ရ ဘုရားပွဲတော်တွေအကြောင်း ပြောကြပြီဆိုရင် အညာမြေ စစ်ကိုင်းတိုင်းက ရွေဘိုမြို့ထောင့်စေတီပွဲက ချန်ထားလို့ မရပါဘူး။ နှစ်စဥ် တော်သလင်းလပြည့်ကျော် ၇ ရက်နေ့ကနေ သီတင်းကျွတ်လဆန်း ၁ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကျင်းပလေ့ရှိတယ်။ ၁ဝ ရက်ဆိုပေမယ့် ပွဲတော်မစခင်ကတည်းက ဆိုင်ခန်းတွေ ရောက်နေခင်းနေကြပြီမို့ လချီကျင်းပတဲ့ပွဲတော်ဆိုလည်း...

သတင်း

ချင်းပြည်နယ်၊မင်းတပ် မြို့နယ်ထဲက ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကို Burma Research Institute (BRI)က ရှုတ်ချလိုက်ပါတယ်။ ပြီးတော့ ခရစ်ယာန် ဘုရားကျောင်းတွေအပေါ် မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်နေမှုတွေကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ်...