Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းလေးနှစ်ပြည့်မှာ လက်မှတ်စရောင်းမယ့် Phyu Phyu in Korea

၂၀၂၅ ခုနှစ်အတွက် ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကိုရီးယားနိုင်ငံမှာပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ လက်မှတ်တွေစရောင်းမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းကအသိပေးထားပါတယ်။

ဆဏ်း / People’s Spring

၂၀၂၅ ခုနှစ်အတွက် ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ကိုရီးယားနိုင်ငံမှာပြုလုပ်မှာဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ လက်မှတ်တွေစရောင်းမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းကအသိပေးထားပါတယ်။

“ဘယ်လို နယူးအိုင်ဒီယာတွေနဲ့ “Phyu Phyu in Korea” ကြသလဲ ဆိုတာ ကြည့်ကြပါဦး။မမဖြူရေ…ဒါ အကုန် မဟုတ်သေးဘူးတဲ့။ တလှိုင်းပြီးတလှိုင်း လာဦးမှာတဲ့။ ကိုယ့်ပွဲမစခင် သူတို့ဖျော်ဖြေတာ ကိုယ်က အရင်ငေးနေရပါပြီ။ကိုယ့်ကိုပါ စပရိုက်တွေ တိုက်နေကြတာ။” ဖြူဖြူကျော်သိန်းပုံနဲ့ ပွဲရဲ့ Billboard ကြီးကို မြို့လယ်မှာ ထောင်ထားတဲ့ အကြောင်းအရာနဲ့အတူ သူမက မျှဝေထားပါတယ်။

ဒီပွဲကို မတ်လ ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်တွေက ဦးဆောင်စီစဉ်တာလို့ ဖြူဖြူကျော်သိန်းကပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းကာလ လေးနှစ်ပြည့်တဲ့ နေ့မှာ လက်မှတ်စရောင်းတာနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ” လွန်ခဲ့တဲ့ လေးနှစ် ဖေဖော်ဝါရီ ၁ ရက်က အဲဒီ့အဖြစ်အပျက်ကြီးဖြစ်ခဲ့တဲ့အတွက် လေးနှစ်လုံးလုံး ဒီနေ့အထိ ဖြူဖြူတို့ ပြည်သူသွေးချင်းတွေ ဘယ်လောက်ပင်ပန်းလိုက်ရလဲ။ ဘယ်လောက်စိတ်ညစ်ရလဲ။ ဘယ်လောက်ဝမ်းနည်းရလဲ ၊ဘယ်လောက်ဆုံးရှုံးရလဲ ၊ ဘယ်လောက်ကြေကွဲရလဲ ၊ ဘယ်လောက်ဒုက္ခရောက်ရလဲ ၊အဲဒီ့ဒုက္ခတွေ ဝမ်းနည်းမှုတွေ ဆုံးရှုံးမှုတွေ ကြေကွဲမှုတွေကို အမြန်ဆုံးအ‌ဆုံးသတ်နိုင်ဖို့ ၊အဲဒါတွေအကုန်လုံးကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ကြိုးစားမှူတွေထဲက တစ်ခုဖြစ်တဲ့အတွက် Phyu Phyu in Korea ရဲ့ လက်မှတ်တွေကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စရောင်းရတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ဒါကြောင့် ကိုရီးယားရောက်မြန်မာတွေ အနေနဲ့လည်း လက်မှတ်‌ တွေ ဝယ်ယူအားပေးမယ်လို့ မျှော်လင့်ကြောင်း ၎င်းကဆိုပါတယ်။

https://www.facebook.com/LuduNwayOo/videos/28268211852794586

ပွဲလက်မှတ်တွေကို ကိုရီးယားဝမ် ငါးသောင်းကနေ ဝမ်လေးသိန်းအထိသတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်မှတ်တွေကို Organizar Page သုံးခုဖြစ်တဲ့ Myingyan Generation-Z Group KTJ Supporting Group ၊ ဗိုလ် သံချောင်း နဲ့ Phyu Phyu In Korea တို့ကနေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

အာဏာသိမ်းကာလမှာ ဖြူဖြူကျော်သိန်းရဲ့ ပထမဆုံးတစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တစ်ထောင်ကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဖြူဖြူကျော်သိန်းက သူမရဲ့ ကျန်းမာရေး အခြေအနေအပေါ် မူတည်ပြီး တခြားနိုင်ငံတွေမှာလည်း တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်လုပ်သွားမယ်လို့ပြောထားပါတယ်။ ဒီပွဲတွေကို အနုပညာကြေးမယူပဲ တော်လှန်ရေးအတွက် ရည်ရွယ်ဖျော်ဖြေပေးတာဖြစ်ပြီး နောက်ဆုံးဖျော်ဖြေပွဲကိုတော့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဖြူဖြူကျော်သိန်းကပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

Facebook