Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ပြန်လွှတ်ပေးဖို့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး David Lammy က ဒီနေ့ (ဖေဖော်ဝါရီ ၁ရက်)တောင်းဆိုလိုက်ပါတယ်။

“လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး မြန်မာပြည်သူပြည်သားတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ဆိုးဆိုးရွားရွားဖျက်ဆီးခဲ့ပါတယ်။ အပြစ်မဲ့ အရပ်သားများအနေနဲ့ နေ့စဥ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နှင့်ချီတဲ့ စစ်အာဏာရှင်ဆန့်ကျင်သူများဟာ နိုင်ငံရေးစွဲချက်များနဲ့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး David Lammy က ပြောပါတယ်။

မြန်မာစစ်တပ်အာဏာသိမ်းမှု ၄နှစ်ပြည့်တဲ့နေ့မှာ ယူကေနိုင်ငံခြားရေးဝန်ကြီးက အခုလို ထုတ်ဖော်ပြောကြားလာတာပါ။

အဲဒီအဖြစ်အပျက်တွေဟာ လေးနှစ်ကြာခဲ့ပြီဖြစ်ပေမယ့် မေ့ပျောက်လို့မရကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြန်မာပြည်သူတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီကို ဖော်ဆောင်ဖို့လည်း ယူကေနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပါတယ်။

ရုပ်သံ – UK in Myanmar

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်ကြောင်း NUG၊ NUCC အပါအဝင် တော်လှန်ရေးအဖွဲ ၅ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

သတင်း

စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ၎င်းရဲ့မိခင်ကို လွှတ်ပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါတယ်။

သတင်း

နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။