Connect with us

Hi, what are you looking for?

သတင်း

မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဲပလီဗျူဟာစခန်းအား KNLA ဦးဆောင်မှုဖြင့် PDF၊ BPLA နှင့် FFD တပ်ဖွဲ့ဝင်တို့ပူးပေါင်းတိုက်ခိုက်ပြီး အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ KNLA တပ်ဖွဲ့ဝင်တဦးနှင့် FFD မြေပြင်ချေမှုန်းရေး တပ်ဖွဲ့ဝင်တဦး ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အသက်ပေးခဲ့ပါသည်ဟု FFD ကလည်း ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို ယမန်နေ့က အသိပေးထားသည်။

တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ကြီးနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ/ ဖမ်းမိသော စစ်သုံ့ပန်းများ။ (ဓာတ်ပုံ – Thoo Lei ၊ FFD)

“ အာဏာသိမ်းမှု (၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်” ဟု ကိုဆောင်းခက လူမှုကွန်ရက်၌ ရေးသားထားသည်။

မဲ့ပရိစခန်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ (၅) တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုထားပြီး အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်က မြို့သိမ်းတိုက်ပွဲတွေမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေထဲက အချို့ကို အာရက္ခတပ်တော်(AA)က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။ မတ်လ (၁၄) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခမ်းအနားပြုလုပ်ခဲ့စဉ်မှာ စစ်သုံ့ပန်းမိသားစုဝင်တွေက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရှုံးပြီး​တော့ အာက္ခတပ်​တော်(AA)ကဖမ်းဆီးထားတဲ့စစ်တပ်မှဗိုလ်ချုပ်မှတပ်သားအထိ့စစ်သုံ့ပန်း​တွေ၊စစ်သုံ့ပန်း မိသားစုဝင်​တွေ ထားတဲ့​နေရာ​တွေ ၊အကျဥ်းစခန်း​တွေကို ဦးတည်းပစ်မှတ်ထားဗုံးကြဲတာ​ကြောင့် ​သေဆုံးစစ်သားနဲ့ မိသားစုဝင် အနည်းဆုံး၂၂၆ ဦးထိရှိလာပြီဖြစ်ပါတယ် ။ ဒါ့အပြင်အနည်းဆုံး ၉၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါက People's Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရပဲဖြစ်ပြီး ကျန်ခဲ့တဲ့ဖြစ်ရပ်​တွေလည်းရှိနိုင်ပါ​သေးတယ်။

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်သုံ့ပန်းတွေထားရှိတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငါးဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ များတယ်လို့ သတင်းရရှိပါတယ်။