Connect with us

Hi, what are you looking for?

သတင်း

မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ခန့် ဖမ်းမိ

ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မဲပလီဗျူဟာစခန်းအား KNLA ဦးဆောင်မှုဖြင့် PDF၊ BPLA နှင့် FFD တပ်ဖွဲ့ဝင်တို့ပူးပေါင်းတိုက်ခိုက်ပြီး အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ကာ KNLA တပ်ဖွဲ့ဝင်တဦးနှင့် FFD မြေပြင်ချေမှုန်းရေး တပ်ဖွဲ့ဝင်တဦး ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အသက်ပေးခဲ့ပါသည်ဟု FFD ကလည်း ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို ယမန်နေ့က အသိပေးထားသည်။

တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ​၏ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်ကြီးနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ/ ဖမ်းမိသော စစ်သုံ့ပန်းများ။ (ဓာတ်ပုံ – Thoo Lei ၊ FFD)

“အာဏာသိမ်းမှု (၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။ ငါတို့ ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”ဟု ကိုဆောင်းခက လူမှုကွန်ရက်၌ ရေးသားထားသည်။

မဲ့ပရိစခန်းသိမ်းပိုက်နိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ (၅) တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း KNU သတင်းရင်းမြစ်က အတည်ပြုထားပြီး အသေးစိတ်အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ PDF ဇိုလဲန်းတပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ ဦးခန့် ထွက်ပြေးသွားရာ ထက်ဝက်ခန့်က စစ်တပ်ထံ ပြန်လည်ရောက်ရှိသွားပြီး ၂၀ဦးခန့်ကို ပြန်ဖမ်းမိထားကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Trending

Facebook