Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာစခန်း သိမ်းရုပ်သံ BPLA ထုတ်ပြန်

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။

ဟန်​နွေ/People’s Spring

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။

KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ကောင်စီအခြေစိုက် မဲပလီဗျူဟာစခန်းကိုဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လယ်(၁၁)နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

မဲပလီ စခန်းကို စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံနေသည့် ကြားမှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရှင်ဖမ်းဆီးရရှိခဲ့မှုကိုလည်းတွေ့ရသည်။

မဲပလီစခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးနှင့် လက်နက်ခဲယမ်းများသိမ်းရခဲ့ကြောင်း KNU သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အချို့ ဖမ်းမိခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောကြားထားသော်လည်း အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ကရင်သတင်းရင်းမြစ်အချို့ကမူ မဲပလီစခန်းမှ စစ်ကောင်စီ ဗျူဟာမှူး ထွက်ပြေးသွား၍ ရှာဖွေနေဆဲဖြစ်သည်ဟု လူမှုကွန်ရက်၌ အသိပေးထားသည်။

ထို့ပြင် မဲပလီစခန်းမှ ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဆောက်အဦး တစ်ခု၌ စုစည်းထားသည့် ရုပ်သံကိုလည်း လူမှုကွန်ရက်၌ တွေ့ရပြီး တော်လှန်ရေး ပူးပေါင်းတပ်က ဗျူဟာမှူး မပါဘူးလား ထွက်ပြေးသွားပြီလားဟု မေးမြန်းနေသံကိုလည်း ကြားရသည်။

ရုပ်သံ-BPLA

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်