Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေ သုံးနေတဲ့ဖုန်းအလုံးရေထောင်ဂဏန်း၊ ဆင်မ်ကတ်ရာဂဏန်းကို ထိုင်းမှာဖမ်းမိ

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းအတွက် အသုံးပြုနေတဲ့ အရေအတွက် ထောင်ချီရှိတဲ့ မိုဘိုင်းဖုန်းတွေကို ဖုန်းဆင်မ်ကတ်တွေ၊ကွန်ပျူတာတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဖမ်းမိခဲ့တဲ့ ဖုန်းဟန်းဆက်၊ဆင်းကတ်၊ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း​တွေ။ ဓါတ်ပုံ- Khaosod English

People’s Spring

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းအတွက် အသုံးပြုနေတဲ့ အရေအတွက် ထောင်ချီရှိတဲ့ မိုဘိုင်းဖုန်းတွေကို ဖုန်းဆင်မ်ကတ်တွေ၊ကွန်ပျူတာတွေနဲ့အတူ သိမ်းဆည်းရမိခဲ့ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနဲ့ နယ်စပ်ထိစပ်ရာ မဲရမတ် ပြည်နယ်ထဲမှာ ဒေသခံ အထူးစုံစမ်းရေးအဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး အရာရှိတွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁ ရက်နေ့က အဲဒီ ရှာဖွေ ဖမ်းဆီးမှုကို လုပ်ဆောင်ခဲ့တာပါ။ ရာဇဝတ် လှုပ်ရှားမှုတွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေအကြောင်း သတင်းအရ တိုယိုတာ ပစ်ကပ် ထရပ်ကား တစ်စီးကို အာဏာပိုင်တွေက တားဆီးပြီး စစ်ဆေးတဲ့ အခါမှာ မိုဘိုင်းဖုန်း ၁၂၅၁ လုံး၊ ဖုန်းဆင်မ်ကတ် ၂၇၄ ခုနဲ့ ကွန်ပျူတာ ၁၉ လုံးကို ကားပေါ်မှာ တွေ့ရှိခဲ့တာပါ။

ထိုင်းရဲတပ်ဖွဲ့ဖမ်းမိခဲ့တဲ့ ဖုန်းဟန်းဆက်၊ဆင်းကတ်၊ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း​တွေ။

ဓါတ်ပုံ- Khaosod English

ရဲတွေက အဲဒီ ပစ္စည်းတွေကို သိမ်းယူခဲ့သလို အသက် ၄၅ နှစ်အရွယ်ရှိပြီး တစ်ဒ်လို့သာ နာမည် အတိုကောက် ဖော်ပြထားတဲ့ ထိုင်းအမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ သူက သောင်ရင်းမြစ်နားမှာရှိတဲ့ ဘန်နမ်ဒစ်ဘွန်ဝမ် ကျေးရွာမှာ အဲဒီပစ္စည်းတွေကို လက်ခံယူပြီး မဲရမတ်မှာရှိတဲ့ ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်း တစ်ခုဆီ သွားရောက် အပ်နှံပေးဖို့ ဘတ် ၅၀၀၀ နဲ့ အလုပ် ကမ်းလှမ်း ခံရတာလို့တစ်ဒ်က ရဲတွေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ တာဝန်ဟာကမ္ဘောဒီးယားနဲ့ နယ်စပ်မှာ တည်ရှိရာ ဆာခေါပြည်နယ်၊ ဝတ်သာနာ နက်ခွန် ခရိုင်ထဲက ပါဝယ်လီလို့သာ နာမည်သိရတဲ့ ပုဂ္ဂိုလ်ဆီ အဲဒီ ပစ္စည်းတွေ ပို့ဆောင်ပေးဖို့လုပ်ငန်း အပ်နှံရုံပဲ ဖြစ်တယ်လို့လည်း တက်ဒ်က ဆိုပါတယ်။

ကနဦး စုံစမ်းမှုတွေအရ အခု သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာ တက်ခ်ခရိုင်ရဲ့ နယ်ခြား တစ်ဖက်ခြမ်းမှာရှိတဲ့ မြန်မာပိုင် မြဝတီ မြို့နယ်ထဲက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ပိုင်ဆိုင်တာလို့ ခြေရာခံ ထောက်လှမ်း သိရှိထားကြောင်း နယ်စပ် ရာဇဝတ်မှု တိုက်ဖျက်ရေး ရတ်ချာမာနူ အထူးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး နတ်သာခွန် ရူယန်တစ်က ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဖမ်းမိခဲ့တဲ့ ဖုန်းဟန်းဆက်၊ဆင်းကတ်၊ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း​တွေ။

ဓါတ်ပုံ- Khaosod English

မြဝတီ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေဟာ အခုအခါမှာ ကမ္ဘောဒီးယားဖက်ကို လုပ်ငန်းတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေကြတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ အခု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်စပ်ပါဝင်နိုင်သူတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး တစ်ဒ်ကိုတော့ မဲရမတ် ရဲစခန်းမှာ ဆက်လက် စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။