Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းတစ်ခုနှင့် ဆယ်ဇင်းဒေသရှိ SNA စခန်းအချို့ KIA သိမ်းပိုက်

မြစ်ဆုံအနီးကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ လူသေဆုံးမှုရှိ

ဗန်း​မော်​လေယာဥ်ကွင်းသိမ်းပိုက်ပြီး​နောက် KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ​အောင်ပွဲခံစဥ်။ ဓါတ်ပုံ-ကချင်တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဖေဖော်ဝါရီ ၃ရက်တွင် ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းတစ်ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဇန်နဝါရီလကုန်ပိုင်းက ဗန်းမော်မြို့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အနီးရှိ သံချပ်ကာတပ်ရင်း၊ လေယာဉ်ကွင်း၊ စရဖရုံးနေရာများ သိမ်းပိုက်ထားနိုင်ခဲ့သည့် KIAသည် ဖေဖော်ဝါရီ ၂ရက် ညနေတွင် စကခ(၂၁)တပ်ရင်းအနီးရှိ အမြောက်တပ် (၃၆၆)တပ်ရင်းအား ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။

ဖေဖော်ဝါရီ ၃ရက်တွင်လည်း ကန်တော် စာသင်ကျောင်း၌တပ်စွဲထားသည့် စစ်ကောင်စီတပ်အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ(၂၃၆)တပ်ရင်းကိုလည်း ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊ Y12၊ တိုက်လေယာဉ်၊ ဒရုန်းများဖြင့် အဆက်မပြတ်ခုခံတိုက်ခိုက်နေသည်ဟု အသိပေးသည်။

ထို့ပြင် KIA​၏ အမှတ်(၉)တပ်မဟာ တပ်ရင်း (၂၆)ဆယ်ဇင်းနယ်မြေ၌ ဖေဖော်ဝါရီ ၁ရက်မှစ၍ စစ်ကောင်စီနှင့် ရှမ်းနီပြည်သူစစ်အဖွဲ့များနှင့်တိုက်ပွဲဖြစ်နေကြောင်း ဖော်ပြသည်။

တပ်စခန်းအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၃ရက်တွင် SNA စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု အသိပေးသည်။

မိုးကောင်းမြို့နယ် အင်ကြင်းကုန်းရွာအနီးတွင်လည်း ဖေဖော်ဝါရီ ၃ရက်က စစ်ကောင်စီ ၊ ရှမ်းနီပူးပေါင်း အဖွဲ့နှင့် KIAအကြားတိုက်ပွဲဖြစ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က အသိပေးထားသည်။

ထို့ပြင် မိုးညှင်းတက္ကသိုလ်အနီး၌လည်း တိုက်ပွဲရှိဟု ဆိုသည်။

အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက မြစ်ကြီးနားမြို့နယ် တန်ဖဲရွာအထက်ဘက်ရှိ ဒေသအခေါ် ဝိုင်ရှီဆိုသည့်ကျေးရွာကို ဖေဖော်ဝါရီ ၃ရက် မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

” လောလောဆယ်တော့ ဒေသခံအရပ်သား ပြည်သူလူထု ၁ယောက်အသက်ဆုံးရှုံးရတယ်လို့ သတင်းရရှိထားပါတယ်။ ကျနော်ထင်တယ် စစ်ကောင်စီဘက်က ဗန်းမော်မှာလည်း အထိနာတဲ့အတွက်ကြောင့် KIAထိန်းချုပ်ရာ ဒေသမှာ အချိန်မရွေး စစ်ကောင်စီကနေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်လာနိုင်ပါတယ်”ဟု ကချင်စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

ရှမ်းမြောက်ဒေသတွင်လည်း တရုတ်၏ ဖိအားပေးမှုကြေငာ့် စစ်ကောင်စီနှင့် ယာယီအပစ်ရပ် ထားသည့် MNDAA ကိုးကန့်တပ်ထိန်းချုပ်ရာ ဒေသများ၌ လေကြောင်းတိုက်ခိုက်မှု မရှိနိုင်သေးသော်လည်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် TNLA တအာင်းတပ်နှင့် KIA ထိန်းချုပ်ရာဒေသများကို အချိန်မရွေး လေကြောင်းတိုက်ခိုက်လာနိုင်သည်ဟု ဦးဇော်ဆန်က သုံးသပ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။