Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်ရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား တော်လှန်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ပွင့်ဖြူမြို့နယ်ရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့သည့် ပူးပေါင်းစစ်ကြောင်းကိုတွေ့ရစဥ် (ဓာတ်ပုံ - ဖွဲ့ ပွင့်ဖြူမြို့နယ် ပကဖ)

ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ မဲဇလီ-ဆည်တော်စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁ရက် နံနက် ၆နာရီခွဲခန့်ကစ၍ ၁နာရီကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေ ကြောင်း၊လက်နက်ကြီးအပါအဝင် လေထီးများအသုံးပြု ခုခံခဲ့ ဆိုသည်။

” သုံးယောက်က ခံပစ်နေတဲ့အနေအထားမျိုးဖြစ်နေချိန်လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတောက်လျှောက်ဝင်လာလို့ ဆုတ်ခွာခဲ့ရတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအင်အား ၁၃ ဦးခန့်တပ်စွဲအထိုင်ချထားသော စစ်ကောင်စီ၏ မဲဇလီ – ဆည်တော် စစ်ဆေးရေးဂိတ်ရှိ ဘန်ကာ သုံးခုပြိုသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် မဲဇလီ – ဆည်တော်ဂိတ်သည် မဲဇလီကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၏ ရှေ့တန်းဂိတ်ဖြစ်ကြောင်း ၎င်းက အသိပေးသည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့မှ အထိခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါး ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်ရရှိကြောင်း ပွင့်ဖြူမြို့နယ် ပကဖက ယနေ့(ဖေဖော်ဝါရီ ၄ရက်)တွင် ထုတ်ပြန်ထားသည်။သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံး ထိခိုက်မှုကို လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မဲဇလီ-ဆည်တော် စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပွင့်ဖြူမြို့နယ်၊မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မကွေးတိုင်းပ.က.ဖ ရွေ့လျားစစ်ကြောင်း(Yenanthar Column) နှင့် မင်းဘူးခရိုင် ပ.က.ဖ ဒရုန်းလက်ရုံးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မဲဇလီ – ဆည်တော်ဂိတ်အား ၂၀၂၄ နိုဝင်ဘာနောက်ဆုံးပတ်က တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအချို့နှင့် လက်နက်ငယ်တစ်လက်အပါအဝင် စစ်အသုံးဆောင်ပစ္စည်းများကို သိမ်းဆည်းရမှုရှိခဲ့သည်။

ပွင့်ဖြူမြို့နှင့် မိုင်(၂၀)ခန့်အကွာတွင်ရှိသော အင်အား(၃၀)ခန့်ဖြင့် တပ်စွဲထားသော မဲဇလီရဲစခန်းကို တော်လှန်ရေးအင်အားစုများတိုက်ခိုက်မှုကြောင့် ယခု ဖေဖော်ဝါရီလဆန်းပိုင်းတွင် စစ်ကောင်စီက စွန့်ခွာသွားကြောင်းလည်း Earthquake People’s Defence Force တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။