Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းစာရင်းပါ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ် ​တောင်ပိုင်းတွင် စစ်သားသစ်စု​ဆောင်းခံရ​သောလူငယ်နှစ်ဦး ၂ ရက်ဆက်သတ်​သေမှုဖြစ်

​သေဆုံးခဲ့​သောလူငယ်ကို ​ဒေသခံများကသယ်​ဆောင်လာစဥ်။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ထပ်ဖြစ်ပြီး ယင်းအမျိုးသားသည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံထားရသူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အောင်ပန်းမြို့၊မင်္ဂလာရပ်ကွက်မင်္ဂလာကန် အရှေ့မြောက်ဘက်စိန်ပန်းပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည့်အမျိုးသားကို ဗုဒ္ဓဟူး​နေ့ ( ​ဖေ​ဖော်ဝါရီ ၅) နံနက်အစောပိုင်း၌ ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

” စစ်မှုထမ်းရမှာကို လူငယ်တွေအရမ်းကြောက်နေကြတယ်။ ဒီကောင်လေးလည်း အဲဒါကြောင့် သူ့ကိုယ်သူ သတ်သေတာလို့ကြားတယ်။ သူ့မိသားစုဝင်တွေကို ရှာဖွေချိတ်ဆက်ပေးအကြောင်းကြားဖို့လုပ်နေကြတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်ကို မသိရသေးပေ။ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိသေးပေ။

ရွှေညောင်မြို့တွင် စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၄ရက်က ကြိုးဆွဲချသေဆုံးပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အလားတူဖြစ်ရပ် မျိုး နှစ်ရက်ဆက်ဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ရွှေညောင်မြို့ဖြစ်စဉ်တွင် သေဆုံးသူမှာ အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည်ကို သိရှိပြီးနောက် ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်ဆီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများကို စစ်သားစုဆောင်းနေသည်။ ရှေ့တန်းသို့ပါသွားသူများသည် တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး အသက်မသေသူများသည် မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက အတင်းအကြပ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် သာယုကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်မှုထမ်းရန်ခေါ်ဆောင်ခံထားရသည့် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာမှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့စာရင်းထဲ သံဃာတော်နှစ်ပါး ပါဝင်နေကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

သတင်း

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့်ညအဓမ္မ​ခ​ခေါ်ယူစု​ဆောင်းသင်တန်းပေးခဲ့သည့် စစ်သင်တန်းဆင်းများကို စိတ်ကြွဆေးများနေ့စဉ်ကျွေး၍ ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။