Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းစာရင်းပါ အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ် ​တောင်ပိုင်းတွင် စစ်သားသစ်စု​ဆောင်းခံရ​သောလူငယ်နှစ်ဦး ၂ ရက်ဆက်သတ်​သေမှုဖြစ်

​သေဆုံးခဲ့​သောလူငယ်ကို ​ဒေသခံများကသယ်​ဆောင်လာစဥ်။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် အသက် ၂၀ ကျော် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ထပ်ဖြစ်ပြီး ယင်းအမျိုးသားသည် စစ်မှုထမ်းရန် ခေါ်ဆောင်ခံထားရသူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အောင်ပန်းမြို့၊မင်္ဂလာရပ်ကွက်မင်္ဂလာကန် အရှေ့မြောက်ဘက်စိန်ပန်းပင်ပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည့်အမျိုးသားကို ဗုဒ္ဓဟူး​နေ့ ( ​ဖေ​ဖော်ဝါရီ ၅) နံနက်အစောပိုင်း၌ ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

” စစ်မှုထမ်းရမှာကို လူငယ်တွေအရမ်းကြောက်နေကြတယ်။ ဒီကောင်လေးလည်း အဲဒါကြောင့် သူ့ကိုယ်သူ သတ်သေတာလို့ကြားတယ်။ သူ့မိသားစုဝင်တွေကို ရှာဖွေချိတ်ဆက်ပေးအကြောင်းကြားဖို့လုပ်နေကြတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူနှင့်ပတ်သက်၍အသေးစိတ်အချက်အလက်ကို မသိရသေးပေ။ မိသားစုဝင်များနှင့်လည်း အဆက်အသွယ်မရရှိသေးပေ။

ရွှေညောင်မြို့တွင် စစ်မှုထမ်းစာရင်းပါသည့် လူငယ်တစ်ဦး ဖေဖော်ဝါရီလ ၄ရက်က ကြိုးဆွဲချသေဆုံးပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အလားတူဖြစ်ရပ် မျိုး နှစ်ရက်ဆက်ဖြစ်ပွားခြင်းဟု ဒေသခံများကပြောသည်။ ရွှေညောင်မြို့ဖြစ်စဉ်တွင် သေဆုံးသူမှာ အသက်၁၉နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။

၎င်းသည် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်မှုထမ်း သွားရမည်ကို သိရှိပြီးနောက် ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်ဆီက စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများကို စစ်သားစုဆောင်းနေသည်။ ရှေ့တန်းသို့ပါသွားသူများသည် တိုက်ပွဲအတွင်း သေဆုံးမှုများပြားပြီး အသက်မသေသူများသည် မိသားစုနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည်။ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားသည် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီက အတင်းအကြပ်ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

Facebook