Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြုမြို့နယ်၊ ကြီးအုံကြီးဝဆည်အနီးတိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝဆည်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(​ဖေ​ဖော်ဝါရီ၅ရက်​နေ့ ) ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။

ကြီးအုံကြီးဝဆည် နှင့် အနီးဝန်းကျင်ကို Google Earth တွင်​​တွေ့ရမှု

တာရာ/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝဆည်အနီး စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(​ဖေ​ဖော်ဝါရီ၅ရက်​နေ့ ) ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှသိရသည်။

အင်အား ၁၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ​ဖေ​ဖော်ဝါရီ ၅ ရက်​နေ့ ညနေ ၃ နာရီခန့်တွင် ရုန်းပင်ရွာမှ ဆည်တမံဘက်ကို စစ်ကြောင်းထိုးလာခြင်းကြောင့် ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ ဒေသခံတွေက စစ်ရှောင်နေကြရတယ်။ သူတို့က ပုသိမ်-မုံရွာလမ်းကနေ ဆည်ဘက်ကို စစ်ကြောင်းထိုးလာရင်းတိုက်ပွဲဖြစ်နေကြတာလေ။ ညမိုးချုပ်အထိ တိုက်ပွဲဖြစ်နေဆဲပဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်ပုသိမ်-မုံရွာလမ်းရှိ PDF ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရုန်းပင်ရွာကို စစ်ကြောင်းဝင်ရောက်လာခြင်းဖြစ်သည်။

ထိုစစ်ကြောင်းကြောင့် ရုန်းပင်း၊ ရေရင်၊ ဝန်လို၊ ခိုနန်း၊ ကန်၊ ပေပင်နှင့် ချောင်းဆုံရွာတို့မှ ဒေသခံ တစ်ထောင်ကျော်စစ်ဘေးရှောင်နေရသည်ဟုလည်း ဒေသခံများထံမှသိရသည်။

ကြီးအုံကြီးဝ ဆည်တမံကို ၂၀၀၃ ခုနှစ်တွင် မုန်းချောင်းကို ပိတ်ဆို့ကာ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၂ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂဝပ် (၇၄) ထွက်ရှိသည့် ဓာတ်အားပေးစက်ရုံဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။