Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအ​ရှေ့ခြမ်းမှာစစ်တပ်လက်နက်ကြီး​ကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ၂ ဦး။ ဓါတ်ပုံ-CJ

ရှိန်း /People’s Spring

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

မတ္တရာမြို့နယ်နဲ့ပုသိမ်ကြီးမြို့နယ်အစပ်က မြကန်သာရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ ​ဖေဖော်ဝါရီလ၅ရက်နေ့၊မနက်၁၁နာရီလောက်မှာတောင်ကန်ကျေးရွာဘက်ကို လက်နက် ကြီးနဲ့ပစ်ခတ်ခဲ့တာပါ ။ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှု​ကြောင့် တောင်ယာအလုပ် လုပ်ကိုင်နေတဲ့အမျိုးသမီး၃ဦးထိမှန်ဒဏ်ရာတွေရရှိခဲ့တာလို့သိရပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ၂ ဦး။ ဓါတ်ပုံ-CJ

” တိုက်ပွဲမရှိဘူးဗျ။အဲဒီရွာကိုစစ်တပ်ကအထိုင်ချပြီး ဒီလိုလျှောက်ပစ်နေတာကြာပြီ။အမျိုး သမီးတယောက်ကတော့ လက်မှန်တာ။ဒဏ်ရာပြင်းတယ် “လို့ဒေသခံအမျိုးသားတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထီးတော်မိုးတပ်သားစုဆောင်းရေးတပ်ကလည်း တောင်ကန်ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်-မန္တ​​လေး( MDY-PDF)ထိန်းချုပ်ထားတဲ့ ထန်းပင်ကုန်းကျေးရွာကိုလည်း ​ဖေ​ဖော်ဝါရီ ၅ ရက်​​နေ့မှာ စစ်တပ်က ဒရုန်းတွေနဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အလားတူ မန္တ​လေး-PDFထိန်းချုပ်ထားတဲ့ ဖယောင်းတောင်ဘက်ကိုလည်း ပုသိမ်ကြီးမြို့နယ်တပ်မ(၃၃)လက်အောက်ခံ အမှတ် ၁၁၉ ​ခြေမြန်တပ်ရင်း( ခမရ-၁၁၉)ဘက်ကနေလက်နက်ကြီးပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး မတ္တရာမြို့နယ်အ​​ရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီစခန်း လေးဆယ်နီးပါး သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အ​နောက်ခြမ်းက​စစ်စခန်း​တွေနဲ့ ​ကျေးရွာ​တွေကို ​​ဒေသခံ​တော်လှန်​ရေးတပ်​တွေထံက​နေ ၂၀၂၄ နိုဝင်ဘာမှပြန်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ မန္တ​လေး PDF ကလည်းစစ်တပ် ပြန်ထိန်းချုပ်​နေတဲ့ မတ္တရာအ​နောက်ခြမ်းက ​စစ်စခန်းတချို့ကိုပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြန်ပါတယ်။

တချိန်တည်းမှာစစ်တပ်က မန္တ​လေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကိုထိုးစစ်ဆင်ပြီး ပြန်သိမ်းနိုင်ဖို့ ကြံစည်​နေတာပါ။

မတ္တရာမြို့နယ်အတွင်းလက်နက်ကြီးပစ်ခတ်​နေသလိုမြေပြင်စစ်ကြောင်းထိုးအင်အားဖြည့်တင်းလာသောကြောင့် ဖယောင်းတောင်၊ ထန်းပင်ကုန်းကျေးရွာ နဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများဖြစ်ပွါး​​နေတယ်လို့ မန္တ​လေး PDF က ဇန်နဝါရီ ၂၂ ရက်ကထုတ်ပြန်ထားခဲ့တယ် ။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။