Connect with us

Hi, what are you looking for?

သတင်း

နမခမှ ဘုတလင်သို့အင်အားလာဖြည့်​သောစစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များတိုက်ခိုက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင် မုံရွာနမခ မှဘုတလင်သို့ အင်အားလာဖြည့်​သော စစ်​ကြောင်းကို​တော်လှန်​ရေးတပ်များတိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် ရိက္ခာများ။ ဓါတ်ပုံ-အမှတ် ၁ စစ်​ဒေသ

အိမ်သွင်/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ကားသုံးစီးဖြင့်လာရောက်သည့် အင်အား၈၀ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၆ရက် နေ့လယ်ပိုင်းတွင်​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ဘုတလင်ရဲ့တောင်ဘက်မှာဖြစ်တာ။သေတာက မျက်မြင်တင် ၈ယောက်။ အကုန် ထမ်းတင်သွားတယ်။ ကားနဲ့ဝင်လုံးပြီးပစ်တာ”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်များက ဗျူဟာကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး လက်မောင်းအားသေနတ်ကျည်ဖောက်ထွက်ဒဏ်ရာရခဲ့​သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း တိုက်ပွဲဝင်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကားတစီးသည် စစ်ကောင်စီစစ်ကြောင်းအနီးကျန်ခဲ့ပြီး စစ်ကောင်စီကမောင်းနှင်ယူဆောင်သွားကြောင်း လည်း၎င်းက​ပြောသည်။

ယခုတိုက်ခိုက်ခံရသောစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းထံ လူသစ်၊ လက်နက်နှင့်ရိက္ခာလာပို့ခြင်းဖြစ်သည်။ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစခန်းမရှိတော့ဘဲ မြို့ပေါ်တွင် လှုပ်ရှားစစ်ကြောင်းသာ ရှိတော့သည်။

ဘုတလင်မြို့နှင့် ဆယ်မိုင်ခန့်အကွာ၌ရှိပြီး သုံးနှစ်ကျော် တပ်စွဲထားသော ကူတော်ရဲစခန်းကို ဇန်နဝါရီလ ၁ရက်နေ့တွင် စစ်ကောင်စီက အပြီးသတ်စွန့်ခွာသွားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က ကူတော်ရဲစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးပျက်စီးသွားခဲ့သည်။စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင်လည်း မုံရွာနမခ မှဘုတလင်သို့ ထွက်လာသော ထပရ(၉၂၉) နှင့် တပ်မ (၇၇) လက်အောက်ခံ စစ်သားများလိုက်ပါလာ​သော ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ​တော်လှန်​ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့သည်။ကြားဖြတ်တိုက်

ခိုက်ရာစစ်သား ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်းအမှတ်(၁) စစ်​ဒေသက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။