Connect with us

Hi, what are you looking for?

သတင်း

နမခမှ ဘုတလင်သို့အင်အားလာဖြည့်​သောစစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များတိုက်ခိုက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင် မုံရွာနမခ မှဘုတလင်သို့ အင်အားလာဖြည့်​သော စစ်​ကြောင်းကို​တော်လှန်​ရေးတပ်များတိုက်ခိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် ရိက္ခာများ။ ဓါတ်ပုံ-အမှတ် ၁ စစ်​ဒေသ

အိမ်သွင်/People’s Spring

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့သို့ အင်အားလာဖြည့်သည့် စစ်ကောင်စီစစစ်ကြောင်းကို ဘုတလင်မြို့နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ဆယ်ဦးထက်မနည်း သေဆုံးကြောင်း သတင်းရရှိသည်။

ကားသုံးစီးဖြင့်လာရောက်သည့် အင်အား၈၀ကျော်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၆ရက် နေ့လယ်ပိုင်းတွင်​တော်လှန်​ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ဘုတလင်ရဲ့တောင်ဘက်မှာဖြစ်တာ။သေတာက မျက်မြင်တင် ၈ယောက်။ အကုန် ထမ်းတင်သွားတယ်။ ကားနဲ့ဝင်လုံးပြီးပစ်တာ”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

​တော်လှန်​ရေးတပ်များက ဗျူဟာကျကျတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး လက်မောင်းအားသေနတ်ကျည်ဖောက်ထွက်ဒဏ်ရာရခဲ့​သော်လည်း အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း တိုက်ပွဲဝင်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကားတစီးသည် စစ်ကောင်စီစစ်ကြောင်းအနီးကျန်ခဲ့ပြီး စစ်ကောင်စီကမောင်းနှင်ယူဆောင်သွားကြောင်း လည်း၎င်းက​ပြောသည်။

ယခုတိုက်ခိုက်ခံရသောစစ်ကြောင်းသည် ဘုတလင်မြို့ပေါ်သို့ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းထံ လူသစ်၊ လက်နက်နှင့်ရိက္ခာလာပို့ခြင်းဖြစ်သည်။ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစခန်းမရှိတော့ဘဲ မြို့ပေါ်တွင် လှုပ်ရှားစစ်ကြောင်းသာ ရှိတော့သည်။

ဘုတလင်မြို့နှင့် ဆယ်မိုင်ခန့်အကွာ၌ရှိပြီး သုံးနှစ်ကျော် တပ်စွဲထားသော ကူတော်ရဲစခန်းကို ဇန်နဝါရီလ ၁ရက်နေ့တွင် စစ်ကောင်စီက အပြီးသတ်စွန့်ခွာသွားသည်။

ပြီးခဲ့သည့်စက်တင်ဘာလ၃၁ရက်နေ့က ကူတော်ရဲစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးပျက်စီးသွားခဲ့သည်။စစ်သုံ့ပန်းအများအပြားဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်းရရှိခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်း ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးကာ ဒေသခံ၂၄ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သည်။

ဇန်နဝါရီလ ၉ ရက်​နေ့တွင်လည်း မုံရွာနမခ မှဘုတလင်သို့ ထွက်လာသော ထပရ(၉၂၉) နှင့် တပ်မ (၇၇) လက်အောက်ခံ စစ်သားများလိုက်ပါလာ​သော ကား (၃) စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား (၇) စီးအား ​တော်လှန်​ရေးတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့သည်။ကြားဖြတ်တိုက်

ခိုက်ရာစစ်သား ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့​ကြောင်းအမှတ်(၁) စစ်​ဒေသက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ရောက် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့တပ်စွဲထားသည့် နေရာများမှ ထွက်လာ၍ ဒေသခံများ ပြင်ပသို့ မထွက်ဘဲ နေအိမ်များအတွင်း နေထိုင်ကြရန် KIA၊KPDF က သတိပေးကြောင်း သိရသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှာ တိုင်းမှုးအလှူရှိလို့ ဖျော်ဖြေရေးလုပ်နေချိန် စစ်အုပ်စုက လက်နက်ကြီးနဲ့ မုံရွာဝန်းကျင်ကို ပစ်ခတ်ခဲ့လို့ ပြည်သူနှစ်ဦး သေဆုံးပြီး ၈ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ယနေ့ နေ့လယ်ပိုင်း၌ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်နေပြီး ကနီမြို့ကိုလည်း ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အရာရှိ တစ်ဦးအပါအဝင် ကိုးဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၁၆ဦးခန့်ရှိကြောင်း ယင်းစစ်ဆင်ရေးကိုလုပ်ဆောင်ခဲ့သည့် Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူက ပြောသည်။