Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ် ဝင်ရောက် မီးရှို့နေသည့် အုန်းတောရွာကို အဝေးက တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပအဖနှင့် ပကဖ

■ စစ်ကောင်စီတပ် အထိနာ၊ PDF ရဲဘော်တစ်ဦး ကျဆုံး၊ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီး

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယနေ့(ဖေဖော်ဝါရီ ၉ရက်) နံနက်က ထိတွေ့တိုက်ပွဲဖြစ်ပွားကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၉ ရက်)နံနက် ၁၀နာရီခန့်က စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရှိ အုန်းတောရွာနှင့် မြောင်းကြားကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအင်အား ၂၀၀ ခန့်ကို မင်းဘူးခရိုင် တပ်ရင်း(၅)နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“ ရင်း(၅)နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာဗျ။ ဆည်ကန်ကနေ အုန်းတောမြောင်းခြားဘက် စစ်ကြောင်းထိုးလာတာ။ ခန့်မှန်း မနက် ၁၀ နာရီဝန်းကျင်လောက် ဖြစ်တာ။ (စကစတပ်)ဟိုဘက်က လက်နက်ကြီးနဲ့အရင် ရမ်းသမ်းပစ်တာ။ ၁၂၀ မမ တွေ ထင်တာပဲ” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာနိုင်ပြီး မင်းဘူးခရိုင် တပ်ရင်း(၅)မှ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ တိုက်ပွဲဖြစ်ပွားမှု အခြေအနေအပြည့်အစုံအား မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုအတွင်း ရဲဘော်တစ်ဦးကျဆုံးခြင်းနှင့်စပ်လျဥ်း၍ မင်းဘူးခရိုင် တပ်ရင်း(၅) မှ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့ရာ “ တပ်ခွဲမှူး နဂါးလေး(ခ)နိုင်ထက်ဦး သင်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် နိုင်ငံနှင့် ပြည်သူအတွက် ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ရင်း မိမိအသက်ကို ပေးလှူသွားပါသည်” ဟု ဖော်ပြ သည်။

သို့သော် ထိတွေ့တိုက်ပွဲအခြေအနေအပြည့်အစုံအား ယနေ့(ဖေဖော်ဝါရီလ ၉ ရက်)ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးသလို လူထုနွေဦးမှလည်း ဖြစ်စဥ်အားသိရှိနိုင်ရန် ဆက်သွယ်ထားသော်လည်း တပ်ရင်း (၅)နှင့် အဆက်အသွယ်မရသေးပေ။

တိုက်ပွဲဖြစ်ပွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်က ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် အုန်းတောကျေးရွာအား မီးရှို့ဖျက်ဆီးသည့်အပြင် မြောင်းခြားကျေးရွာကိုလည်း ဆက်လက်မီးရှို့ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေအား မသိရသေးဟု ဒေ သစစ်ရေးသတင်းရင်းမြစ်များက ပြော သည်။

“ (တိုက်ပွဲ)ပွဲပြီးမှ ရှို့သွားတာ။ ဓာတ်ဆီလောင်းကိုရှို့သွားတာလို့လဲ ပြောတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့နေ့လယ် ၃ နာရီခန့်၌ ဆည်ကန်ဘက်မှ ဖောကားခြောက်စီး၊ သံပြားကန်ယာဥ်တစ်စီး ပေါင်း ကားခုနစ်စီးဖြင့် စလင်းမြို့နယ်တောင်ဘက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း စုံ စမ်းသိရသည်။

ဖေဖော်ဝါရီ ၇ ရက်က စလင်းမြို့နယ် တညောင်တိုက်နယ်အတွင်းသို့ မင်းဘူးမြို့ ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီစစ်သင်္ဘောတစ်စီးကို စလင်း ပကဖနှင့်ပူး‌ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာမှာ သုံးလကြာအထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးရဲဘော်သုံးဦးက ပြောပါတယ်။

သတင်း

■လက်နက်မျိုးစုံ ၁၃ လက်နဲ့ကျည်​တွေသိမ်းရ၊စစ်သုံ့ပန်း ၂ ဦးဖမ်းမိ ဇေအောင်၊လူအေး/People’s Spring ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို တပ်အချိန်းအပြောင်းပြုလုပ်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ​တော်လှန်​ရေးတပ်ဖွဲ့တွေက အဝင်ရောအထွက်မှာပါ ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ ဒုဗိုလ်မှူးကြီးအပါအဝင် သေဆုံးသူများပြားပြီး စစ်ကြောင်းပျက်သွားတယ်လို့သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ၁၈ရက်နေ့က ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ ခင်ဦးမြို့ကို ဝင်ဖို့ကြိုးစားတဲ့စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက...

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ​၏ ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။