မေ ၂၉၊၂၀၂၅။ ရဲခေါင်/People’s Spring
မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(မေလ ၂၈ရက်) နေ့လည်ပိုင်းတွင် တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ဦးစီးဌာနနှင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို စီးနင်းခဲ့ခြင်းဟု ဆိုသည်။
“မနေ့က မြို့ပေါ်တိုက်ပွဲမှာ စခအသေအဆုံးများတယ်။အခုလက်ရှိ အထကကျောင်း၊ရိပ်သာဘက်နဲ့ ဘုရားတွေနားမှာ တပ်ပြန်စွဲနေကြတယ်”ဟု တောင်သာမြို့ခံတစ်ဦးက မြို့ပေါ်တိုက်ပွဲအခြေအနေ နှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement
တိုက်ပွဲအခြေအနေတင်းမာနေဆဲဖြစ်၍ သီးခြား ဖြေကြားရန်မရှိသေးကြောင်း တောင်သာမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက အသိပေးသည်။
မေလ ၁၉ ရက်ကလည်း တော်လှန်ရေးအင်အားစုများသည် တောင်သာမြို့ပေါ် မင်္ဂလာဦးဂိတ်အား ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ထမ်းအိမ်ယာရှိစစ်ကောင်စီ၏ ထောက်တိုင်အချို့အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့ကြောင့် တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီ ထောက်တိုင် Non-CDM ဝန်ထမ်းများ လုံခြုံရေးကင်းမဲ့ကာ ရှောင်းတိမ်းမှုများရှိနေကြောင်းသိရသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပြည်သူလူထုအနေဖြင့် စစ်တွင်းကာလတစ်ခုအား မဖြစ်မနေဖြတ်သန်းကြရမည်ဖြစ်၍ အသက်အန္တရာယ် ကင်းစေရေးအတွက် ဗုံးခိုကျင်းများ စနစ်တကျတူးဖော်ရန်လည်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက ယနေ့(မေလ ၂၉ရက်) တိုက်တွန်းထားသည်။
မေလ ၁၅ရက်ကစ၍ မေလ၁၉ရက်အထိ တောင်သာမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊နွားထိုးကြီး နှင့် ငါးန်းဇွန် မြို့နယ်တို့၌ ခရိုင်အဆင့်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၅၀ထက်မနည်း သေကာ လက်နက် ၂၀ကျော် သိမ်းဆည်းရရှိထားသည်။


















































