Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူမြို့ကနေ တရားမဝင်တရုတ်နိုင်ငံသားတွေ ထွက်ခွာဖို့ DKBA အမိန့်ထုတ်

ထိုင်း -မြန်မာ နယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ မှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အခုလ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ပကောင်း/People’s Spring

ထိုင်း -မြန်မာ နယ်စပ် ကရင်ပြည်နယ် ၊ ဘုရားသုံးဆူမြို့ မှာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အခုလ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဘုရားသုံးဆူမြို့ဆီ တရားမဝင် ရောက်ရှိလာပြီး စားသောက်ကုန်လုပ်ငန်းတွေ လုပ်ကိုင်နေသူတွေ ၊ ကာစီနိုလောင်းကစား လုပ်ငန်းနဲ့ လောင်းကစား ဂိမ်းရုံ လုပ်ငန်း လုပ်ကိုင်နေတဲ့ တရားမဝင်တရုတ်နိုင်ငံသားတွေ ထွက်ခွာ ဖို့ DKBA နည်းဗျုဟာမှုး ဗိုလ်မှုးကြီး စောအေဝမ်းက အမိန့်ထုတ်တာပါ။

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ ထိုင်းအစိုးရက ဘုရားသုံးဆူအပါအဝင် ထိုင်းနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်မြို့တွေကို လျှပ်စစ်မီးနဲ့ လောင်စာဆီဖြတ်တောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အခုလို ဖြတ်တောက်ခံရတဲ့အတွက် ဘုရားသုံးဆူမြို့ခံတွေ လူမှုစီးပွားဘဝထိခိုက်ခံစားနေရတယ်လို့ ဘုရားသုံးဆူမြို့ကို ကြီးစိုးထားတဲ့ DKBA နည်းဗျုဟာမှုး ဗိုလ်မှုးကြီးစောအေဝမ်းက ဒီနေ့မှာ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဘုရားသုံးမြို့မှာ ကျားဖြန့် နဲ့ အွန်းလိုင်းလောင်းကစား လုပ်ငန်းတွေ လုပ်ဆောင်တာမရှိတော့ဘူးဆိုတာကို ထိုင်းအစိုးရ ယုံကြည်မှသာ လျှပ်စစ်မီးနဲ့ လောင်စာဆီ အရင်အတိုင်းပြန်လည်ရရှိမှာဖြစ်တယ်လို့ ဗိုလ်မှုးကြီးစောအေဝမ်းက ဆိုပါတယ်။

ဒါကြောင့် ထိုင်းဘက်ဆီက လျှပ်စစ်မီးနဲ့ လောင်စာဆီ အမြန်ဆုံးရအောင် ကြိုးပမ်းသွားမယ်လို့လည်း ဘုရားသုံးဆူမြို့ခံပြည်သူတွေကို ရည်ရွယ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဗိုလ်မှုးကြီးစောအေဝမ်းက အသိပေးထားပါတယ်။

တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ အမြန်ဆုံးပြန်ကြဖို့ အမိန့်ထုတ်ထားသလို နောက်ထပ် ထပ်ဝင်ရောက်တာမရှိဖို့လည်း ပိတ်ပင်တားမြစ်သွားမယ်လို့ DKBA က ဆိုပါတယ်။

လက်ရှိမှာ ဘုရားသုံးဆူမြို့ပေါ်က တရုတ်နိုင်ငံသား ပိုင် လုပ်ငန်းတွေကို ပိတ်ထားလိုက်ပြီး DKBA အမှတ် (၂)နည်းဗျုဟာအဖွဲ့က ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ဆောင်သွားမယ်လို့DKBA တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“အခု တရုတ်ဆိုင်တွေအားလုံး ပိတ်လိုက်ပြီ၊ ဖုန်းဆိုင်တွေကအစပေါ့၊ သူတို့(DKBA) စာရင်းပြန်ယူမယ်လေ၊ စာရင်းပြန်ယူမယ်ဆိုတာက (တရုတ်တွေ) ဗီဇာကနေလာတာလား၊ အောက်လမ်းကနေ လာတာလား၊ ဒီ ၁၅ ရက်နေ့အပြီး စာရင်းကောက်မယ်။ ကောက်ပြီးရင် သူတို့ပြန်ပို့မယ်ပေါ့” လို့ DKBA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မှာ မြဝတီမြို့က တရားမဝင် တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားဖို့ ကရင့်နယ်ခြားစောင့်တပ် (BGF) က အမိန့်ပေးပြီးနောက် ဘုရားသုံးဆူမြို့ဘက်ဆီ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့အခြေချလာကြတာလို့သိရပါတယ်။

ဘုရားသုံးဆူမြို့မှာ တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတွေ​၊ ကာစီနိုတွေ၊ KTV လုပ်ငန်းတွေ နေ့ချင်းညချင်းဆိုသလို များပြားလာခဲ့တာကြောင့် တရုတ်မြို့အဖြစ် တင်စားခေါ်ဝေါ်ခံရတာတွေ ရှိလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။