Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေကိုမြန်မာပြည်သူတွေပီပီပြင်ပြင် ဆန့်ကျင်ဖို့ သက်ဆင်တောင်းဆို

နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို မြန်မာလူထုက မထောက်ခံဘဲ ပီပီပြင်ပြင် ဆန့်ကျင်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက တောင်းဆိုလိုက်ပါတယ်။

People’s Spring

နယ်စပ် အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို မြန်မာလူထုက မထောက်ခံဘဲ ပီပီပြင်ပြင် ဆန့်ကျင်ဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက တောင်းဆိုလိုက်ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာရဲ့ ဖခင်လည်းဖြစ်တဲ့ သက်ဆင်က ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း လိုအပ်တယ်လို့ ဆိုပါတယ်။

ကျားဖြန့်ဂိုဏ်းတွေကို နှိပ်ကွပ်မယ့် ခြေလှမ်းတစ်ခုအဖြစ် ထိုင်းဟာ လောလောဆယ်မှာ မြန်မာဖက်ခြမ်းနယ်စပ်ဧရိယာ ၅ ခုဆီဓါတ်အားဖြတ်တောက်ထားပေမယ့် ကျားဖြန့်ဂိုဏ်းတွေနဲ့ တခြား ဒုစရိုက် ကွန်ရက်တွေကို ရှင်းလင်းပြီးရင် ဓာတ်အား ပုံမှန် ပြန်ထောက်ပံ့မှာ ဖြစ်တယ်လို့လည်း သက်ဆင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကျားဖြန့် ပြဿနာဟာ အဓိက ဇစ်မြစ်ကို ဖော်ထုတ် ရှင်းလင်းပစ်မှသာ ပြီးဆုံးမှာ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။ သက်ဆင်က တိုင်းရင်းသား မျိုးနွယ်စုတွေကြား တင်းမာမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံထဲမှာ တချို့သော လက်နက်ကိုင် အင်အားစုတွေဟာ ရန်ပုံငွေ ဖြည့်တင်းရေးအတွက် ကျားဖြန့်ဂိုဏ်းတွေ၊ မူးယစ်မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့လည်း သက်ဆင်ကစွပ်စွဲခဲ့ပါတယ်။

မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့လည်း ကျားဖြန့်ဂိုဏ်းတွေကို ထောက်ခံရပ်တည်သလို ဖြစ်သွားနိုင်တဲ့ အခြေအနေ အားလုံးကနေ လက်ရှောင်သင့်တယ် ဆိုတာကို နားလည်ဖို့ လိုကြောင်း၊ ကျားဖြန့်ဂိုဏ်းတွေ မရှိတော့တဲ့ အချိန်မှာ ထိုင်းဟာ နယ်စပ်ကို လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် ချိတ်ဆက်မှုတွေ ပြန်လည် ပေးပို့ ထောက်ပံ့မှာဖြစ်ကြောင်း သက်ဆင်က ဆိုပါတယ်။

သက်ဆင်က ကျားဖြန့်ဂိုဏ်းတွေ ထူထပ်ရာ နယ်စပ် ဧရိယာတွေမှာ မီးစက်တွေသုံးပြီး ဓာတ်အားထုတ်လုပ်လို့ မရနိုင်အောင် ထိုင်းဖက်ကနေ လောင်စာဆီ ရောင်းချမှုတွေကိုပါ ရပ်နားထားကြောင်း ပြောပါတယ်။ နောက်ပြီး ထိုင်းနဲ့ ထိစပ်ရာ ကမ္ဘောဒီးယားနယ်စပ်က ပွိုင်ပက်မြို့က ၂၅ ထပ် အဆောက်အအုံမှာ ကျားဖြန့်လုပ်ငန်းကြီးတစ်ခု အခြေစိုက်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရကြား ညှိနှိုင်း အဖြေရှာဖို့ ရည်ရွယ်ထားကြောင်း သက်ဆင်က မှတ်ချက်ပေးခဲ့ပါတယ်။

ထိုင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ မြန်မာနဲ့ နယ်စပ်က မြဝတီ၊ ဘုရားသုံးဆူ ၊တာချီလိတ်​က​​နေရာ ငါး ခုဆီ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ဝန်ဆောင်မှုနဲ့ လောင်စာဆီ တင်ပို့မှုတွေကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ နယ်စပ် ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ရင် အမျိုးသား လုံခြုံရေး ပြဿနာ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိထိရောက်ရောက် ကိုင်တွယ်အရေးယူဖို့ သက်ဆိုင်ရာ ဌာန အသီးသီးကို အမိန့်ပေး ညွှန်ကြားထားပါတယ်။

ဒီအတောအတွင်း ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန်က မြန်မာနဲ့ နယ်စပ်ကို ဓာတ်အား ဖြတ်တောက်မှု ရပ်ဆိုင်းထားခြင်းရဲ့ သက်ရောက်မှု အခြေအနေတွေကို ပြန်လည် သုံးသပ် ဆန်းစစ်နေတယ်လို့လည်း ဆိုပါတယ်။ ဝန်ကြီးချုပ်က ထိုင်းအစိုးရရဲ့ ရည်ရွယ်ချက်ဟာ အိမ်နီးချင်း နိုင်ငံ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကို နှိပ်ကွပ်ဖို့သာ ရည်ရွယ်တယ်လို့လည်း ဆက်ပြောပါတယ်။

ထိုင်းရဲ့ ဓါတ်အား ဖြတ်တောက်မှုအပေါ် နယ်စပ်ဒေသ မြန်မာပြည်သူတွေက ဆန္ဒပြကန့်ကွက်တာတွေ ရှိခဲ့ပေမယ့်လည်း ဖေထောင်ထန်ကတော့ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးကသာ ထိုင်းအစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ဆန္ဒပြကြတာဟာစစ်တပ်​ ​ထောက်ခံသူ ဆယ်ဂဏန်းကသာပြခဲ့ကြတာဖြစ်ပါတယ်။

ဒါ​ပေမယ့်ပြည်တွင်းမီဒီယာ​တွေနဲ့ ပြည်ပမီဒီယာ​တွေမှာ​ဒေသခံ​တွေကဆန္ဒပြခဲ့ကြတယ်လို့​ဖော်ပြကြပြီး စစ်တပ်​ထောက်ခံသူ​တွေက ဆန္ဒပြတယ်ဆိုတာကို မီဒီယာအချို့ကသာ​ရှင်းလင်း​ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ကိုးကား-Bangkok Post

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အွန်လိုင်းငွေကြေးလိိမ်လည်မှု (ကျားဖြန့်)တွေမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ပါဝင်ပတ်သက်မှုမရှိစေချင်ဘူးလို့ အာဏာ သိမ်းစစ်တပ်ကသတိပေးပြောဆိုခဲ့ပြီးနှစ်ပတ်အကြာမှာပဲ DKBA က မြ၀တီမြို့တောင်ဘက်၊ထိုင်း-မြန်မာနယ်စပ်၊ ကျောက်ခက်ရွာမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နေရာရွှေ့ပြောင်းလိုက်တယ်လို့ DKBA ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးနဲ့ ကရင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။