Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - ကချင်တောင်တန်း

■​ဖေ​ဖော်ဝါရီ ၁၀ ရက်တိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး KIA ဖမ်းမိဟု သတင်းရင်းမြစ်ပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၀ ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်မှာ ၂ လကျော်ကြာနေပြီဖြစ်သည့် ဗန်းမော်မြို့တွင် စစ်ကောင်စီ၏ အမြောက်တပ်၊ သံချပ်ကာတပ်ရင်း၊ တင့်ကားတပ်ရင်း၊ လေယာဉ်ကွင်း အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားကို KIAပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားကာ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို အပြီးသတ်သိမ်းနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၀ရက်တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှုရှိခဲ့ရာ KIAပူးပေါင်းဘက်က ၁၀ဦးခန့် အသက်ပေးခဲ့ပြီး စစ်ကေငာ်စီတပ်မှလည်း ၆၈ ဦးသေဆုံးကာ ၄၇ ဦးကို အရှင်ဖမ်းမိထားသည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က လူမှုကွန်ရက်၌ ယနေ့ ရေးသားထားသည်။

ယင်းအသိပေးချက် နှင့်ပတ်သက်ပြီးမေးမြန်းရာ ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို အသိပေးထားခြင်းဖြစ်သည်ဟု ပြောသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်မေးမြန်း စုံစမ်းနေဆဲဖြစ်သည်။

အခြား ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း ဖေဖော်ဝါရီ ၁၀ရက် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အရာရှိ စစ်သည် ၄၀ဦးကျော် အရှင်ဖမ်းမိထားသည်ဟု အသိပေးထားသည်။

ထို့အပြင် ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်း အထိနာခဲ့သည့် ရုပ်သံမှတ်တမ်းကိုလည်း လူမှုကွန်ရက်၌ ဖော်ပြ အသိပေးထားသည်။ ယင်းရုပ်သံတွင် လမ်းမတနေရာ စစ်ကားတစ်စီးအနီးနှင့် ယင်းစစ်ကားပေါ်၌ သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများစွာကို တွေ့ရသည်။

“ ဗန်းမော် တင့်ကားတပ်ကနေ စကခဌာနချုပ်ကို သွားပူးပေါင်းတဲ့ သံချပ်ကာစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ လူနားများသယ်လာသော စစ်သုံး ၆ဘီး ကားတစ်စီး DB အပြည့်နှင့် ကျန်ရစ်ခဲ့”ဟု ရေးသားကာ အဆိုပါ ရုပ်သံကို လူမှုကွန်ရက်၌ ဖြန့်ဝေမှုကိုလည်းတွေ့ရသည်။

KIA သတင်းရင်းမြစ်အချို့ကလည်း အဆိုပါ ရုပ်သံကို ပြန်လည်မျှဝေကာ “ ဒါအစမ်းဘဲ ရှိသေးတယ်။ သွေးကြေးကို သွေးကြွေးပြန်ဆပ်ဖို့ စောင့်နေကြတော့။ ဗန်းမော် သံချပ်ကာ တပ်ရင်းက ခွေးကောင်တွေ” ဟု ရေးသားထားသည်။

ဗန်းမော်တိုက်ပွဲအတွင်း စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှုနှင့် လတ်တလော စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KIAသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဗန်းမော်မြို့ရှိ အမှတ် (၅၀၁၄)တင့်ကား တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။ ယင်းမတိုင်မီ ဖေဖော်ဝါရီ လဆန်းကလည်း ဗန်းမော်မြို့ အမြောက်တပ် (၃၆၆)တပ်ရင်း၊ ဇန်နဝါရီလကုန်ပိုင်းက အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

“စကခကနေ အပြင်ထွက်ဆုတ်ခွာလာတာကို ချေမှုန်းတာပါ။ ဒီလောက်ပဲပြောပါရစေ။”ဟု ကချင် စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Trending

Facebook