Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်နိုင်တဲ့ ထိုင်းအရာရှိတွေကို ဖယ်ရှားသွားမယ်လို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဆို

နယ်စပ် အခြေစိုက် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ အချိတ်အဆက် ရှိနိုင်တဲ့ ထိုင်းအရာရှိတွေကို စုံစမ်း ဖော်ထုတ်ပြီး ဖယ်ရှားသွားမယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ကိုးကား-Thai Enquirer

People’s Spring

နယ်စပ် အခြေစိုက် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ အချိတ်အဆက် ရှိနိုင်တဲ့ ထိုင်းအရာရှိတွေကို စုံစမ်း ဖော်ထုတ်ပြီး ဖယ်ရှားသွားမယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရရဲ့ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်ဟာ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်နဲ့ တခြား ဒုစရိုက် ဂိုဏ်းတွေကို အချိတ်အ ဆက် ရှိနိုင်တဲ့ အာဏာပိုင် ပုဂ္ဂိုလ်တွေကို ဖယ်ရှားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့်ဘယ်အေဂျင်စီ၊ဘယ်ဌာနက ဘယ်အရာရှိတွေကို ရည်ရွယ်သလဲ ဆိုတာကိုတော့ သတင်းထောက်တွေကို တိတိကျကျ မဖြေကြားခဲ့ပါဘူး။

ထိုင်းရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ချင်းမိုင်မှာ ရဲတွေက ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေကြောင်း စွပ်စွဲချက်တွေအပေါ် သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဖုန်သမ်က အဲဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ခု အစပြုနေတာကို အတည်ပြုခဲ့ပြီး ခိုင်မာတဲ့ အထောက်အထား၊ အချက်အလက်တွေ တင်ပြနိုင်သူတိုင်း ရှေ့ထွက်လာဖို့ တိုက်တွန်းသွားပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်ကျားဖြန့်ဂိုဏ်းတွေကိုဖြိုခွင်းတဲ့ အစီအစဉ်အဖြစ် မြန်မာဖက်ခြမ်းက မြို့ရွာတွေကို ​​ဖေ​ဖော်ဝါရီ ၅ ရက်ကစလို့ ထိုင်းက ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ထောက်ပံ့မှုတွေ ရပ်ဆိုင်းထားပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးလည်း ဖုန်သမ်က ထိုင်းထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အစီရင်ခံချက်အရ ရည်မှန်းချက်အတိုင်း ရလဒ်ကောင်းတွေ ထွက်ပေါ်နေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ တစ်ဖက်မှာတော့ ထိုင်းရဲ့ ဓာတ်အားနဲ့ လောင်စာဆီ ဖြတ်တောက်မှုတွေဟာ ကျားဖြန့်ဂိုဏ်းတွေသာ မကဘဲ နယ်စပ် လူ့အဖွဲ့အစည်းတွေ အတွက်ပါ ထိခိုက်မှုတွေ ဖြစ်ပေါ်စေတယ်လို့ဆိုခဲ့ပါတယ်။

ဖုန်သမ်က ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရေးမှာ မြန်မာဖက်က အာဏာပိုင်တွေကပါ ပိုပြီး ဖိဖိစီးစီး အာရုံစိုက်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပြီး အဲဒီ ဒုစရိုက် လှုပ်ရှားမှုတွေဟာ ထိုင်းပြည်သူတွေကိုသာ မကဘဲ တစ်ကမ္ဘာလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ဝေဖန်ခဲ့ပါတယ်။

နောက်ပြီး မြန်မာဖက်ခြမ်းက နယ်စပ်မြို့ တစ်ခုဖြစ်တဲ့ ဘုရားသုံးဆူမှာ ကျားဖြန့် နှိမ်နင်းမှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြောင်း၊ အာဏာပိုင်တွေကလည်းကျားဖြန့်လုပ်ငန်းတွေကိုအဓိက ကိုင်တွယ်နေတဲ့ တရုတ်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား ထွက်ခွာဖို့ သတိပေးထားကြောင်း ဖုန်သမ်က ဆိုပါတယ်။

ဖုန်သမ်ဟာ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။ ထိုင်းနဲ့ နယ်စပ်နားမှာရှိတဲ့ ၂၅ ထပ် အဆောက်အအုံ တစ်ခုမှာ ကျားဖြန့်ဂိုဏ်းတစ်ခု အခြေစိုက် လှုပ်ရှားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကိုင်တွယ်ဖို့အတွက်ပါ။ကမ္ဘောဒီးယား အာဏာပိုင်တွေဟာ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သတိကြီးကြီး စုံစမ်းချဉ်းကပ်မှုတွေ စတင်နေပြီလို့လည်းထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

သူက ကျားဖြန့်ဂိုဏ်းတွေမှာ လူမှောင်ခိုကူးပြီး အဓမ္မ ခိုင်းစေခံရတဲ့နိုင်ငံခြားသားတွေလွတ် မြောက်လာတဲ့ အချိန်မှာ သက်ဆိုင်ရာ မိခင်နိုင်ငံအသီးသီးဆီ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် ဥရောပ၊အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှတိုက်ထဲက နိုင်ငံတချို့နဲ့ ထိုင်းအစိုးရကြား ကြိုတင်ချိတ်ဆက်ဆွေးနွေးမှုတွေ ရှိနှင့်ပြီးဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စက်သုံးဆီ ခြွေတာရေး အစီအမံ တစ်ခုအနေနဲ့ အစိုးရ အရာရှိတွေကို အတတ်နိုင်ဆုံး နေအိမ်ကနေပဲ အလုပ်လုပ်ဖို့၊ ပြည်ပခရီးစဉ်တွေ ဆိုင်းငံ့ထားကြဖို့ ထိုင်းအစိုးရကညွှန်ကြားလိုက်ပါတယ်။

သတင်း

ထိုင်းစစ်တပ်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်နားမှာ ပြီးခဲ့တဲ့ ယသီတင်းပတ်ကုန်က မသင်္ကာစရာ ဒရုန်းတချို့ ပျံသန်းနေတာကို တွေ့ရှိခဲ့တဲ့နောက် ရှား​ဖွေဖမ်းဆီးရာက​နေ ဒရုန်း အစင်းပေါင်း ၂၅၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ကို အထက်လွှတ်တော် လူ့အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌက ဝေဖန် မေးခွန်းထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ထားခဲ့တဲ့ ဝီဂါ မွတ်ဆလင်တွေရဲ့ နေရေးထိုင်ရေးကိစ္စ အဆင်ပြေမှု ရှိမရှိ စုံစမ်းဖို့ ဝန်ကြီးအဆင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ထိုင်းက စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

Facebook