Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်အားတိုက်ခိုက်ရာ လေးဦးသေဆုံးဟု အင်းလေးPDF ပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)မှ တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

ညောင်ရွှေမြို့နယ်ထိုးစစ်အတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို တွေ့ရစဥ်။ ဓာတ်ပုံ- ကိုအင်းသွေးနီ/ပေးပို့

ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်အား တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)မှ တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ ပြောသည်။

ညောင်ရွှေမြို့နယ်၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာနှင့် ထမင်းချိုဓာတ်ဘုရားစခန်းကုန်းတွင် အင်အား ၁၅၀ခန့်ဖြင့် တပ်စွဲထား‌သော စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNA)က ပူးပေါင်း၍ ရေပူကျေးရွာအရှေ့ဘက် ရေချောင်းအထိ ဇန်နဝါရီ ၃၀ရက်တွင် စစ်ကြောင်းထိုးလာခဲ့သည်ဟု အင်းလေး PDFက ယနေ့(ဖေဖော်ဝါရီ ၁၂ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ စစ်ကြောင်းအား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)၊ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 ၊(Bee Coloum)ပျားစစ်ကြောင်းနှင့် SSRYတပ်ဖွဲ့ များပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

၁၅ မိနစ်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNAတို့ သည် ထီရီးကျေးရွာအတွင်းသို့ပြန်လည်ဆုတ်ခွာခဲ့ရပြီး ၎င်းတို့ဆုတ်ခွာသွားသည့် လမ်းတလျှောက် ပူးပေါင်းစစ်ကြောင်းက ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ တပ်ကြပ်တစ်ဦးအပါအဝင် စုစုပေါင်း လေးဦ သေဆုံးပြီး စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ပအိုဝ်းပြည်သူ့စစ် PNAတပ်သား တစ်ဦး စုစုပေါင်း သုံးဦးဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“စကစ စစ်ကြောင်းက ထီရီးစခန်းမှာပဲရှိသေးတယ်။သူတို့စစ်ကြောင်းထိုးဖို့ပြင်တာ တော့လေးငါးခေါက်လောက်ရှိပြီ။သူတို့ မထိုးဖေါက်နိုင်ဘူး”ဟု IPDF တာဝန်ရှိသူ ကိုအင်းသွေးနီက လူထုနွေဦးသို့ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် ဘုရားတောင်၊ရေပူ၊ညောင်လေးပင်နှင့် နန်းတုတ် ဒေသတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟုလည်း ၎င်းက မှတ်ချက်ပြုသည်။

ထို့အပြင် ဖေဖော်ဝါရီအတွင်း ညောင်လေးပင်၊ဘုရားတောင်နှင့် ရေပူကျေးရွာတို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး နေအိမ်ပျက်စီးမှုများနှင့်အတူ ဒေသခံသုံးဦးထက်မနည်း သေဆုံးပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook