Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲ၊အရပ်သား၆ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

ကနီမြို့နယ်၊ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ၆ ဦး သေဆုံးပြီး ဒဏ်ရသူများပြားကြောင်း​ဒေသခံအချို့က​ပြောသည်။

ကနီမြို့နယ်တွင် ​ဖေ​ဖော်ဝါရီ ၁၇ ရက်ကစစ်​ကောင်စီ၏​​လေ​ကြောင်းတိုက်ခိုက်မှု အပြီးမြင်ကွင်း။ ဓါတ်ပုံ- CJ

ကဖေး/People’s Spring

ကနီမြို့နယ်၊ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ၆ ဦး သေဆုံးပြီး ဒဏ်ရသူများပြားကြောင်း​ဒေသခံအချို့က​ပြောသည်။

ကနီမြို့နယ်ကိုဖေဖော်ဝါရီလ ၁၈ရက် နေ့လည်ပိုင်းမှစတင်၍ ညနေအထိ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရောစက်တပ်လေထီးဖြင့်ပါ လေကြောင်းမှအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ညနေပိုင်းတိုက်ခိုက်မှုတွင် အရပ်သားများရှိနေသည့် လက်ဖက်ရည်ဆိုင်တည့်တည့်ကိုတိုက်ခိုက်သွားခြင်းဖြစ်​ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“လက်ဖက်ရည်ဆိုင်ရှေ့ကလမ်းရဲ့ ဟိုဘက်ဒီဘက် အကုန်လုံးထိခိုက်တယ်။ ပွဲချင်းပြီးက၃ဦးသေဆုံးတယ်။နောက်ထပ်သိရတာဆို သေဆုံး ၆ဦး။ ဒဏ်ရတာတွေလည်းများတယ်။ ဒီဘက်မှာအလုပ်လာလုပ်တဲ့သူတွေလည်း ထိကြတယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူအရေအတွက်ကိုအတိအကျမသိရသေးပေ။စစ်ကောင်စီသည် ဖေဖော်ဝါရီလ၇ရက်နေ့မှစ၍ ကနီမြို့နယ်အတွင်း ပစ်မှတ်ထားထား၍ လေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

ဖေဖော်ဝါရီလ ၁၇ရက် နေ့လည်ပိုင်းတွင်လည်းမု‌ဌောရွာအနီးချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။ ဆိပ်ကမ်းအနီးရှိ ကားနှင့်မော်တော်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီလ၁၁ရက် နှင့် ဖေဖော်ဝါရီလ ၇ ရက်ကလည်း ကနီမြို့နယ်အတွင်းစစ်ကောင်စီကစက်တပ်လေထီးနှစ်စီးဖြင့် လေ ကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နောင်ချို မြို့တွင်လည်း အရပ်သားများထိုင်နေသည့်လက်ဖက်ရည်ဆိုင်ကို ဇန်နဝါရီ ၂၂ ရက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၈ ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook