Connect with us

Hi, what are you looking for?

သတင်း

သက်ဆင်နဲ့ မလေးရှား၊ဘရူနိုင်းခေါင်းဆောင်တွေ မြန်မာ့အရေးအပါအဝင် ကဏ္ဍတချို့ ဆွေးနွေး

မြန်မာ့ပြည်တွင်းရေးအကျပ်အတည်းအပါအဝင် ကဏ္ဍတချို့မှာဆွေးနွေးဖို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝပ်ထရာဟာမလေးရှား၊ ဘရူနိုင်း နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

People’s Spring

မြန်မာ့ပြည်တွင်းရေးအကျပ်အတည်းအပါအဝင် ကဏ္ဍတချို့မှာဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှီနာဝပ်ထရာဟာမလေးရှား၊ ဘရူနိုင်း နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့က သက်ဆင်ဟာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ ဘရူနိုင်းစော်ဘွား ဟာဂျီ ဟက်ဆာနဲလ် ဘိုလ်ခီရာတို့ကို ဘန်ဒါဆရီ ဘီဂါဝမ်မှာရှိတဲ့ ဘရူနိုင်းစော်ဘွားရဲ့ အစ္စတာနာ နူရူလ် အီမန် နန်းတော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲမှာတော့မြန်မာ့ပြည်တွင်းစစ်၊ တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှု၊ စီးပွားရေး ကိစ္စတွေနဲ့ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေးတွေအကြောင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်ဟာအရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ မလေးရှား ဝန်ကြီးချုပ် အန်ဝါရဲ့ အလွတ်သဘောဖွဲ့စည်းထားတဲ့အကြံပေးအစုအဖွဲ့ထဲမှာ ခန့်အပ် ခံထားရပါတယ်။

အန်ဝါက သူတို့သုံးဦး တွေ့ဆုံချိန်မှာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အာဆီယံက ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်

ဖော်ရေး၊ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ် ပတ်သက်တဲ့ အင်အားစု အားလုံးနဲ့ ချိတ်ဆက် ဆွေးနွေးနိုင်ရေး လုပ်ငန်းစဉ်တွေ အတွက်လည်းအမြင်ဖလှယ်ခဲ့ကြတယ်လို့ ပြောပါတယ်။

နောက်ပြီမူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ လူမှောင်ခိုမှုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်တွေ ရောယှက် ရှုပ်ထွေးနေတဲ့ မြန်မာ့ စီးပွားရေး အခြေအနေကအာဆီယံဒေသအပေါ်ဘယ်လိုသက်ရောက်မှုတွေ ကြုံလာစေနိုင်သလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်ပြီး လန်ကာဝီမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံတုန်းက အာဆီယံ-အမေရိကန် ထိပ်သီး အစည်းအဝေး ကျင်းပနိုင်ရေး ညှိနှိုင်း အဆိုပြုခဲ့ပြီး အဲဒီ ရည်မှန်းချက် အကောင်အထည်ပေါ်အောင် အားထုတ်နေမှုတွေကိုလည်း သက်ဆင်၊ အန်ဝါနဲ့ ဟာဂျီ ဟက်ဆာနဲလ်တို့က ထောက်ခံခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်၊ ဘရူနိုင်း စော်ဘွားနဲ့ သက်ဆင်တို့ဟာအာဆီယံ နိုင်ငံတွေကြား ကုန်သွယ်ရေး

နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်နိုင်ဖို့ နည်းလမ်းတွေ ပိုမို ရှာဖွေဖို့ လိုအပ်ကြောင်း သဘောတူခဲ့သလိုဒေသတွင်းဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေကိုဆွဲဆောင်နိုင်ဖို့ သင့်တော်တဲ့ စည်းမျဉ်း ဥပဒေ မူဘောင်တွေ ပေါထွန်းလာသင့်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။

ပြီးတော့ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေးကိစ္စတွေကို ကိုင်တွယ်ရာမှာ အာဆီယံရဲ့ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ် အထောက်အပံ့ ဖြစ်စေမယ့် ဒစ်ဂျစ်တယ် ငွေကြေး လမ်းကြောင်းမျိုး ဖန်တီးနိုင်ရေး၊ အဲဒီအတွက် လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေ သီးသန့် ချိတ်ဆက် ထူထောင်ရေး အလားအလာတွေကိုပါ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ကိုးကား-Thai Enquirer /ဓါတ်ပုံ-ThaiEnquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

Facebook