Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရိက္ခာတင်ကားတိုက်ခိုက်ခံရပြီး​နောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာများကို စက်တပ်​လေထီးဖြင့်ဗုံးကြဲ၍ ပြည်သူ ၁​ ဦး​သေ၊ ၂ဦးဒဏ်ရာရ

လက်နက်ခဲယမ်းများနှင့်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးတိုက်ခိုက်ခံရပြီးနောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာအချို့ကို စစ်ကောင်စီက ​ဖေ​ဖော်ဝါရီ ၁၉ ရက်ည ၁၀နာရီခန့်မှာ လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

စစ်တပ်ရိက္ခာတင်ကား ၂ စီးကို PDFများကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-၃၆၀၁ PPDFတပ်ရင်း

ကဖေး/People’s Spring

လက်နက်ခဲယမ်းများနှင့်ရိက္ခာများတင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်နှစ်စီးတိုက်ခိုက်ခံရပြီးနောက် ပေါက်ခေါင်းမြို့အနီး ကျေးရွာအချို့ကို စစ်ကောင်စီက ​ဖေ​ဖော်ဝါရီ ၁၉ ရက်ည ၁၀နာရီခန့်မှာ လေကြောင်းမှတိုက်ခိုက်ရာ ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပဲခူးတိုင်း ၊ပေါက်ခေါင်းမြို့အိုင်စောက်ရွာ၊ကြို့ပင်ရွာ၊မြောက်ကန်ကလေးရွာ၊ နတ္တလင်းရွာနှင့်သစ်ရောင်းပြန်ရွာ အနီးကို စက်တပ်လေထီးဖြင့်ဗုံးကြဲချခြင်းဖြစ်သည်။

“စက်တပ်လေထီးတွေအကုန်လုံး ပြည်ကနေတက်သွားတာ။ အကုန်လုံးလေးစီးတတ်သွားတာ။ မနေ့ကသူတို့စစ်ကားလိုက် မီးလောင်သွားတော့ အရပ်သားတွေကို မဲပြီးလုပ်နေတာဖြစ်တယ်”ဟု ပြည်မြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အ်ိုင်ဇောက်ရွာမှအသက်၅၀ခန့် အမျိုးသမီးတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေ ၅ နာရီ ၄၀ ခန့်တွင် ပေါက်ခေါင်းမြို့ဘက်သို့ ဖောကားနှစ်စီးဖြင့် ရိက္ခာ ၊စက်သုံးဆီနှင့်ခဲယမ်းလာပို့သော စစ်ကောင်စီတပ်ထောက်ပို့ယာဥ်နှစ်စီးကို ပြည်-ပေါင်းတလည်ကြား တောင်ဆင်းဝဂွေအနီး မိုင်တိုင်(၁၆)၌ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDFတပ်ရင်း) ကပိတ်ဆို့တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ယာဥ်နှစ်စီးနှင့်အတူလိုက် ပါလာသည့် စစ်ကောင်စီတပ်သားကိုးဦးနေ ရာတင်ပွဲချင်းပြီးသေဆုံး၍ ကားပေါ်တင်လာသော ဆီပေပါထပေါက်ရာမှ ခဲယမ်းများထပ် မံပေါက်ကွဲရာ ကားတစ်စီးမီးလောင်ပျက်စီးသွားကြောင်း တပ်ရင်း ၃၆၀၁ ပြန်ကြာရေးတာဝန်ခံက ပြောသည်။

“နှစ်းစီးစလုံးမှာပါတဲ့ စခ အကုန်လုံးသေတယ်ခင်ဗျ။ ဘယ်တစ်စီးမှ မောင်းထွက်မသွားနိုင်ဘူး”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

ဆီပေပါများထပွင့်မီးလောင်ပြီး၍ လက်ပစ် ဗုံး၊ ကျည်နှင့် အခြား(၄၀)မမ အသီးများပေါက်ကွဲမှုကြောင့် ကားအနီးကပ်မရဖြစ်ကာ မီးလောင်နေသောလက်နက်များကို သိမ်း ဆည်း၍မရခဲ့ဘဲ မီးမကူးသေးသည့်နေရာမှ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်အချို့ကိုသာ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ရင်း ၃၆၀၁ က အသိပေးသည်။

​စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စားနပ် ရိက္ခာပစ္စည်းများ သယ်ဆောင်ခြင်း၊ဆိုင်ကယ်၊ကားတို့ကိုငှားရမ်းခြင်း၊ကုန်ပစ္စည်များကိုတင်ဆောင်လိုက်ပို့ခြင်းများမပြုကြရန် ၃၆၀၁ PPDFတပ်ရင်းကထုတ်ပြန်ထားသည်။

ထိုသို့လုပ်ဆောင်ခြင်းများပြုလုပ်၍ တစုံတရာဖြစ်ပေါ်လာပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်ဟုလည်းအသိ​ပေးထားသည်။

စစ်ကောင်စီသည် ​ဖေ​ဖော်ဝါရီ ၁၉ ရက်မနက်ပိုင်းတွင် ပြည်-ပေါက်ခေါင်းလမ်းတစ်လျှောက် ကင်းပုန်းများချထား၍ ဒေသခံများ ဂရုပြုသွားလာကြရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။