Connect with us

Hi, what are you looking for?

သတင်း

ဒေါနတပ်ရင်းထံ အလင်းဝင်လာသူများအနက် PDF ရဲဘော်အဖြစ်တာဝန်ထမ်းနေသူ ၁၈ ဦးရှိ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းထံ စစ်ကောင်စီတပ်မှ အလင်းဝင် ရောက်လာသူများအနက် PDFတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော်သား (၁၈)ဦးရှိကြောင်း အဆိုပါတပ်ရင်း အသိပေးသည်။

ဒေါနတပ်ရင်းထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ဒေါနတပ်ရင်း

ဟန်နွေ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းထံ စစ်ကောင်စီတပ်မှ အလင်းဝင် ရောက်လာသူများအနက် PDFတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော်သား (၁၈)ဦးရှိကြောင်း အဆိုပါတပ်ရင်း အသိပေးသည်။

သံဖြူဇရပ်မြို့တွင် လမ်းကင်းကျနေသည့် စစ်ကောင်စီ​၏ ခမရ(၅၅၈)တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၇ဦးပါ တပ်စိပ်တစ်ခုလုံးသည် လက်နက်များယူလာပြီး ဖေဖော်ဝါရီ ၁၉ရက်တွင် ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်မှု အခြေအနေကို အသိပေးစဉ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အလင်းဝင်ရောက်လာသည့် တပ်သားအားလုံးသည် စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားစုဆောင်းခံခဲ့ကြရသူများဖြစ်ပြီး စစ်သား ၇ဦးနှင့်အတူ MA1 (၃)လက်၊ MA2 (၁)လက်၊ MA3 (၁)လက်၊ MA4 (၂)လက်၊ ကျည်ဘောက် (၂၆) ခုနှင့် ခဲယမ်းအချို့ပါလာသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အလင်းဝင်လာသူများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ကြမည်ဟု ဆန္ဒပြုကြောင်း PDF တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

လက်ရှိ စစ်မှုထမ်းအပတ်စဉ် အတော်များများသည် ပြည်သူ့ရင်ခွင်ခိုလှုံမှုများပြီး PDF အဖြစ် တာဝန်ထမ်းသူများလည်း ရှိကြောင်း ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

“အဓိကတော့ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး သူတို့ လုပ်လာတဲ့အနေအထားအပေါ်မှာ စုဆောင်းခံရတဲ့ ရဲဘော်တွေကလည်း လစ်ရင်လစ်သလို ထွက်ပြေးဖို့ ကြံစည်ပြီး သွားနေလာနေတာတွေအများကြီးရှိတယ်။ ကျနော်တို့ တော်လှန်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်လုပ်တဲ့ဟာလည်း အများကြီးရှိတယ်”ဟု စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

ကျန်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထူးသဖြင့် စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသူများအနေဖြင့် ရောက်သည့်နေရာဒေသရှိ တော်လှန်ရေးတပ်များကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း စစ်ကြောင်းမှူး စောဒါးကိုက တိုက်တွန်းသည်။

” ကိုယ်ရောက်ရှိနေတဲ့ နေရာမည်သည့်နေရာဒေသမှာမဆို တော်လှန်ရေးတပ်တွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာဖို့ ကျနော်တို့နဲ့ ပူးပေါင်းပြီး ပြန်လည်ပြီးတော့ တိုက်ပွဲဝင်ဖို့ အားလုံးကို လက်ကမ်းကြိုဆိုနေတဲ့အကြောင်း ပြောကြားချင်ပါတယ်”ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင်ပြည်သူဘက်ရပ်တည်လိုသော တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်းနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင်ရောက်နိုင်ကြောင်းလည်း အသိပေးသည်။

ဆက်သွယ်ရန် လိပ်စာများကို ထုတ်ပြန်ထားရာ Telegram / +66988960058 /@naingyan

Signal / +66988960058 / @yai.08Viber / +66659905540 နှင့် ဖုန်း09884896475 တို့ကို ဆက်သွယ်နိုင်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။