Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​နောင်ချိုကိုဗုံးကြဲ အမျိုးသမီး ၁ဦး​သေဆုံးပြီး ၃ ဦးဒဏ်ရာရ

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့ ညပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာမို့ အမျိုးသမီးတဦးသေဆုံးပြီးကလေးငယ်တွေအပါအဝင်၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ​တွေက​ပြောတယ်။

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်ညမှာဗုံးကျဲခံရပြီး​နောက် အပျက်အစီး​တွေကို ​တွေ့ရစဥ်။ ဓါတ်ပုံ- Thein Aung

ရှိန်း/People’s Spring

နောင်ချိုမြို့နယ်၊လောက်ဖန်းရွာကို ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့ ညပိုင်းမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာမို့ အမျိုးသမီးတဦးသေဆုံးပြီးကလေးငယ်တွေအပါ အဝင်၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ​တွေက​ပြောတယ်။

ဖေဖော်ဝါရီ၂၀ရက်နေ့ ၊ ည၈နာရီခွဲလောက်မှာစစ်​ကောင်စီရဲ့ တံတားဦးလေတပ်ကနေ နောင်ချိုမြို့နယ်ထဲကိုဂျက်ဖိုက်တာ​လေယာဥ်နဲ့ပေါင်၂၅၀ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာလ်ို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်နေအိမ်မှာအိပ်နေတဲ့အဖွားအိုတဦးသေဆုံးပြီး ကလေးတွေအပါအဝင် ပြည်သူ၃ဦးထိခိုက်ဒဏ်ရာတွေရခဲ့တာလို့​ဒေသခံ​တွေက​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အိမ်တွေပေါ်ကျတာ။အဖွားကအိမ်ပြိုတဲ့အထဲမှာ ပါသွားပြီးသေတာ”လို့ ဒေသခံတဦးကလည်းပြောပါတယ်။

လောက်ဖန်းရွာဟာ နောင်ချိုမြို့နဲ့ ပြင်ဦးလွင်မြို့ရဲ့ကြားထဲမှာရှိပြီး နာမည်ကြီးဘိလပ်မြေစက်ရုံရှိတဲ့ကျေးရွာလို့သိရပါတယ်။

ဖေဖော်ဝါရီလ၁၉ရက်နေ့ညပိုင်းကလည်း နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံပေါ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၃ဦးသေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

တရုတ်အစီအစဥ်နဲ့ ကူမင်းမြို့မှာ ​ဖေ​ဖော်ဝါရီလလယ်ပိုင်းမှာ စစ်ကောင်စီတပ် နဲ့ TNLA ခေါင်းဆောင်တွေရဲ့ ​ဖေ​ဖော်ဝါရီ လလယ်​ဆွေးနွေးပွဲ သ​ဘောတူညီချက်မရပဲ ပျက်ပြီးတဲ့အချိန်ကစပြီး စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်ကိုလေကြောင်းတိုက်ခိုက်တာတွေတရစပ်လုပ်နေတာပါ။​ဆွေး​နွေးပွဲမတိုင်ခင်​ရော ၊​ဆွေး​နွေး​နေတုန်းမှာ​ရော စစ်​ကောင်စီက TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

မြေပြင်မှာလည်း တပ်မ(၃၃) နဲ့ တပ်မ(၅၅) ကိုထပ်ပို့ထားပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့သိရပါတယ်။

စစ်​ကောင်စီတပ်ဟာ သူ့ဆုံးရှုံးပြီးတဲ့​​ဒေသ​တွေမှာ ​အရပ်သားပစ်မှတ်​တွေကိုပါ ဗုံးကြဲတိုက်ခိုက်မှု​တွေ ဒီ​နောက်ပိုင်းတိုးလုပ်လာတယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook