Connect with us

Hi, what are you looking for?

သတင်း

စကခ(၂၁)အပါအဝင်ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ် အပြင်းအထန် တိုက်ခိုက်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါ အဝင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဖေဖော်ဝါရီ ၂၁ရက်)ညပိုင်း၌ သတင်းဖော်ပြသည်။

အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက် စခန်းတစ်ခုအတွင်းရှိ အလံတိုင်ရှေ့တွင် တွေ့ရသော KIAပူးပေါင်းတပ်မှ ရဲဘော်နှစ်ဦး။ ဓာတ်ပုံ - The Kachin Net

မြစ်ကြီးနား တန်ဖဲရွာဘုရားကျောင်း၌ စစ်ကောင်စီတပ်စွဲထားပြီး အင်အားဖြည့်တင်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါ အဝင် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့(ဖေဖော်ဝါရီ ၂၁ရက်)ညပိုင်း၌ သတင်းဖော်ပြသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း အမှတ်(၂၃၆​)ခြေလျင်တပ်ရင်း (ခလရ-၂၃၆‌)၊ အမှတ် (၇၀၀၆)သံချပ်ကာတပ်ရင်း ၊ အမှတ် (၅၀၁၄)တင့်ကားတပ်ရင်း ၊ အမှတ်(၃၆၆) အမြောက် တပ်ရင်း၊ ဗန်း​မော်​လေယာဥ်ကွင်း ၊စရဖရုံးနှင့် ဗန်း​မော်မြို့အတွင်းစစ်တပ်တပ်စွဲရာ​နေရာအများအပြား သိမ်းပိုက်ထားသည်။

Public Service Announcement

Public Service Announcement

စကခ(၂၁) အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး ၊ Y12၊ ဂျက်ဖိုက်တာ ၊ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံတိုက်ခိုက်နေကြောင်း ဖော်ပြသည်။

ဗန်းမော်မြို့ ခလရ(၂၃၆)တပ်ရင်းတိုက်ပွဲနှင့် စကခ(၂၁) တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အရာရှိများအပါအဝင် ထိခိုက်ကျဆုံးရှိသကဲ့သို့ စစ်သုံ့ပန်းအဖြစ်လည်း ဖမ်းဆီးခံရကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခလရ(၂၃၆)တပ်ရင်းတိုက်ပွဲ၌ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ကို ဖမ်းမိခဲ့ပြီး ဒရုန်း၊ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပြသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၁ရက်ကလည်း စစ်ကောင်စီတပ်မှ ဒဏ်ရာရထားသည့် အရာရှိလာရောက်ခေါ်ဆောင်သည့်ဟု ယူဆရသော စစ်ရဟတ်ယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် မြေပြင်ဆင်သက်နိုင်ခြင်းမရှိဘဲ နောက်ပြန်လှည့်ပြန်သွားရကြောင်း သတင်းရင်းမြစ်က ပြောပြသည်။

“ရအောင်သိမ်းမှာပါ။ သိမ်းဖို့ရာအတွက် တိုက်တာပဲ။ ရအောင်သိမ်းမှာပါ”ဟု KIA သတင်းရင်းမြစ်တစ်ဦးက ယနေ့မနက်တွင် ဗန်းမော်မြို့သိမ်း တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ပြောသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်း စစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ရာ မြစ်ကြီးနားမြို့နယ် တန်ဖဲရွာ၌ ယခုပတ်အတွင်း စစ်ကောင်စီက အင်အားတိုးချဲ့ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ် လုပ်ဆောင်နေကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်များသည် တန်ဖဲရွာ ဘုရားကျောင်းဝန်းအတွင်း ဝင်ရောက်တပ်စွဲထားပြီး ရွာခံပြည်သူများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းလျက်ရှိကြေငာ်း၊ တန်ဖဲ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စားနပ်ရိက္ခာနှင့် လူအင်အားအဆက်မပြတ်ဖြည့်တင်းနေ၍ တိုက်ပွဲပြင်းထန်လာမည်ကိုဒေသခံများ စိုးရိမ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ပူတာအိုမြို့နယ်ဘက်တွင်လည်း ဇန်နဝါရီအတွင်း စစ်အင်အားတိုးချဲ့ စစ်ရေးလှုပ်ရှားနေပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ပူတာအို လုံရှာရန်၊ ဆွမ်ပီယန်ရွာများရှိ လူနေအိမ်များ၌ စခန်းချနေထိုင်ကြသည်ဟု အသိပေးသည်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇင်သန့် ပြည်သူ့စစ်အဖွဲ့က ပြည်သူများရှိသည့် မြစ်ကြီးနား – တနိုင်းလီဒိုလမ်းရှိ ဝါရာဇွပ်ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဖော်ပြပြီး အဆိုပါရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၇ရက်တွင် လေကြောင်းမှ ဗုံးကြဲခဲ့၍ ပြည်သူ တစ်ဦး သေဆုံးကာ နေအိမ်များပျက်စီးမှုရှိခဲ့ကြောင်း KIAသတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Facebook