Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

မံစီမြို့နယ် မံသာကျေးရွာကို စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံး ၁၂လုံး ကြဲချတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦး နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၁ရက် ညနေပိုင်းတွင် မံစီမြို့နယ် မံသာကျေးရွာကို စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံး ၁၂လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၃လုံးပျက်စီးကာ အသက် (၈)နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် (၂၀)အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ ထိုပပြင် ထို့ပြင် ကလေးငယ် နှစ်ဦး နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားခြင်းမရှိပါ”ဟု ကချင် သတင်းရင်းမြစ်က ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် မံသာကျေးရွာသည် ဗန်းမော်နှင့် မံစီမြို့နယ်မှ စစ်ရှောင်ပြည်သူများ လာရောက်ခိုလှုံနေသည့် ကျေးရွာဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဗန်းမော်မြို့တိုက်ပွဲအတွင်း အထိနာနေပြီး တပ်ရင်းဌာနချုပ်များ တစ်ခုပြီး တစ်ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်နေသည့် အခြေအနေတွင် ဗန်းမော်မြို့သာမကတိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့ရွာများကိုပါ လေကြောင်း တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁၉ရက်ကလည်း မိုးမောက်မြို့နယ် နန်းအီရှမ်းရွာ လေကြောင်း တိုက်ခိုက်ရာ ပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ပျက်စီးမှုများ ရှိခဲ့သည်။ ထို့ပြင် မိုးမောက်မြို့နယ် ဝက်ယင်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁၉ရက် နံနက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် သုံးဦးအပါအဝင် မိသားစုဝင် ၇ဦး သေဆုံးခဲ့ရသည်။

ထို့ပြင် ဇန်နဝါရီအတွင်းကလည်း ဖားကန့် ၊ တနိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ဒေသများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ ပြည်သူ ၃၀ ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

အလားတူ တအာင်းတပ်မတော်(TNLA) ထိန်းချုပ် ဒေသများကိုလည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေပြီး ပြည်သူများသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

Facebook