Connect with us

Hi, what are you looking for?

သတင်း

မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးတစ်ဦးအပါအ၀င် သုံးဦး‌သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးတစ်ဦးအပါအ၀င် ဒေသခံသုံးဦး‌ သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ - TNLA)

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးတစ်ဦးအပါအ၀င် ဒေသခံသုံးဦး‌ သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို ဖေဖော်ဝါရီ ၂၀ရက် ည ၈ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်ကြဲချခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ကလေးတွေပါသေဆုံးတာ။ ဒီမှာက ဘုန်းကြီးကျောင်းပြန်လည်တည်ဆောက်ရေးအကြောင်းပြုပြီး အသံချဲ့စက်တွေ ဖွင့်နေတယ်။ အဲဒီလိုဆိုတော့ လေယာဉ်ပျံသံမကြားရဘူး။ အဲဒီအခြေအနေတွေကိုထိန်းသိမ်းမှုလိုတယ်လေ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် (၈)နှစ်အ၇ွယ် မထက်မြတ်နိုး၊ (၂၃)နှစ်အရွယ် မမေဇင်ထက် နှင့်(၃၀)အရွယ် ကိုဇော်မင်းလွန်တို့ သေဆုံးခဲ့ပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ကယနေ့(ဖေဖော်ဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

မိုးမိတ်မြို့ကို ၂၀၂၄ ဇူလိုင် ၃၁ရက်တွင်TNLAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်ရပ်ကွက်မှ နေအိမ်များ ပျက်စီးခဲ့သလို အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။ မြို့အုပ်ချုပ်ရေးကို ပူးပေါင်းတပ်ဖွဲ့များက စီမံနေသည်။

TNLAနှင့် စစ်ကောင်စီသည် တရုတ်အစိုးရ၏တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဖေဖော်ဝါရီ ၁၆ရက်နှင့် ၁၇ရက်တို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုအဆင်မပြေဘဲ ရပ်တန့်ခဲ့သည်။ ဆွေးနွေးပွဲမစမီနှင့် ဆွေးနွေးပွဲကျင်းပနေစဉ်တွင်လည်း TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီ ၁၆ရက်မှ ယနေ့ (ဖေဖော်ဝါရီ၂၂ရက်)အထိ လက်နက်ကြီးနှင့် လေကြောင်း အသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် တအာင်းပြည်အတွင်းရှိ ကလေးတစ်ဦးအပါအ၀င် အရပ်သား ခြောက်ဦးသေဆုံးခဲ့ကြောင်း၊ ကလေးတစ်ဦးအပါအ၀င် အရပ်သား ၁၅ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်ထားသည်။

(မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာအား စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေစဉ်။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကိုစစ်တပ်က ၄ ရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့လို့ အနည်းဆုံး ပြည်သူ ၃ဦး သေဆုံးပြီး နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။