Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် တွေ့ဆုံသည်ဆိုသောသတင်းအမှား ဖြန့်ဝေမှုအပေါ် CNF ရှင်းလင်း

အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူအချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) အတွင်းဝန်ရုံးက ရှင်းလင်းချက် ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူအချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) အတွင်းဝန်ရုံးက ရှင်းလင်းချက် ထုတ်ပြန်သည်။

“ဒို့ဌာနေ Zogam သတင်း” ဟူသော အမည်မသိ Facebook Page ပိုင်ရှင်က “SAC အကြီးအကဲတစ်ဦးနဲ့ Chinland Council (CC)၊ CHRO တာဝန်ရှိသူတချို့ ဘန်ကောက်မြို့၌တွေ့ဆုံပြီး ဂတိကဝတ်များ ပေးကြ” ဟူသောခေါင်းစဉ်ဖြင့် လုပ်ကြံရေးသားမှုသည် လုံးဝ(လုံးဝ)မဟုတ်မှန်ကြောင်း ပြည်များအား အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် ၂၀၂၁ စစ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင်၊ စစ်ကောင်စီတပ်ဖွဲ့တစ်ချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ အလင်းဝင်စေရေး ဖိအားပေးပြောဆိုမှုမှအပ စစ်ကောင်စီလက်အောက်ရှိ မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်စကားပြောခြင်းမရှိခဲ့ဟု CNF အတွင်းဝန်ရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CNFအနေဖြင့် အချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာ ချင်းပြည်နယ်ရှိမြို့အချို့နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားသည့်။

CNF၏ အတွင်းရေးမှူးအဖွဲ့ရုံး ဖွဲ့စည်းမှုကို ၂၀၂၄ ဇူလိုင် ၂၃ရက်တွင် ချင်းအမျိုးသားတပ်ဦး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူးအဖွဲ့၏ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အကူပြုခြင်း၊ မူဝါဒဆိုင်ရာ သုတေသနပြုလုပ်၍ ဥက္ကဌအဖွဲ့ အပါအဝင် ချင်းအမျိုးတပ်ဦး ခေါင်းဆောင်များကို အကြံပြုချက်များပေးအပ်ခြင်း၊ ပြည်သူ့ဆက်ဆံရေး၊ ချင်းပြည်နှင့် မြန်မာပြည်တွင်း သက်ဆိုင်သူအစုအဖွဲ့များနဲ့ ဆက်သွယ်ဆက်ဆံရေး (Stakeholder engagement)၊ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု (International advocacy) ဆိုင်ရာ မဟာဗျူဟာနှင့် နည်းဗျူဟာများ ဖော်ထုတ်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များအား ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်နှင့် အညီ ဖော်ဆောင်သွားမည်ဟု အတွင်းရေးမှူးအဖွဲ့ရုံးက အသိပေးထားသည်။

အတွင်းရေးမှူးအဖွဲ့ရုံးသည် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး သတင်းမှားများ၊ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကိုလည်းပြန်လည်ရှင်းလင်းလျက်ရှိသည်ကိုယ်လည်းတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။