Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီနှင့် တွေ့ဆုံသည်ဆိုသောသတင်းအမှား ဖြန့်ဝေမှုအပေါ် CNF ရှင်းလင်း

အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူအချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) အတွင်းဝန်ရုံးက ရှင်းလင်းချက် ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီကိုယ်စားလှယ်နှင့် ချင်းပြည်ကောင်စီ တာဝန်ရှိသူအချို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) အတွင်းဝန်ရုံးက ရှင်းလင်းချက် ထုတ်ပြန်သည်။

“ဒို့ဌာနေ Zogam သတင်း” ဟူသော အမည်မသိ Facebook Page ပိုင်ရှင်က “SAC အကြီးအကဲတစ်ဦးနဲ့ Chinland Council (CC)၊ CHRO တာဝန်ရှိသူတချို့ ဘန်ကောက်မြို့၌တွေ့ဆုံပြီး ဂတိကဝတ်များ ပေးကြ” ဟူသောခေါင်းစဉ်ဖြင့် လုပ်ကြံရေးသားမှုသည် လုံးဝ(လုံးဝ)မဟုတ်မှန်ကြောင်း ပြည်များအား အသိပေးခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် ၂၀၂၁ စစ်အာဏာသိမ်းသည့်နောက်ပိုင်း တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင်၊ စစ်ကောင်စီတပ်ဖွဲ့တစ်ချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ အလင်းဝင်စေရေး ဖိအားပေးပြောဆိုမှုမှအပ စစ်ကောင်စီလက်အောက်ရှိ မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်စကားပြောခြင်းမရှိခဲ့ဟု CNF အတွင်းဝန်ရုံးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

CNFအနေဖြင့် အချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး စစ်တပ်အာဏာသိမ်းစကတည်းက စစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိရာ ချင်းပြည်နယ်ရှိမြို့အချို့နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားသည့်။

CNF၏ အတွင်းရေးမှူးအဖွဲ့ရုံး ဖွဲ့စည်းမှုကို ၂၀၂၄ ဇူလိုင် ၂၃ရက်တွင် ချင်းအမျိုးသားတပ်ဦး၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)၏ ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူးအဖွဲ့၏ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထောက်အကူပြုခြင်း၊ မူဝါဒဆိုင်ရာ သုတေသနပြုလုပ်၍ ဥက္ကဌအဖွဲ့ အပါအဝင် ချင်းအမျိုးတပ်ဦး ခေါင်းဆောင်များကို အကြံပြုချက်များပေးအပ်ခြင်း၊ ပြည်သူ့ဆက်ဆံရေး၊ ချင်းပြည်နှင့် မြန်မာပြည်တွင်း သက်ဆိုင်သူအစုအဖွဲ့များနဲ့ ဆက်သွယ်ဆက်ဆံရေး (Stakeholder engagement)၊ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု (International advocacy) ဆိုင်ရာ မဟာဗျူဟာနှင့် နည်းဗျူဟာများ ဖော်ထုတ်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းစဉ်များအား ချမှတ်ထားသည့် လုပ်ငန်းလမ်းညွှန်နှင့် အညီ ဖော်ဆောင်သွားမည်ဟု အတွင်းရေးမှူးအဖွဲ့ရုံးက အသိပေးထားသည်။

အတွင်းရေးမှူးအဖွဲ့ရုံးသည် အဖွဲ့အစည်းနှင့် ပတ်သက်ပြီး သတင်းမှားများ၊ စစ်ကောင်စီ၏ ဝါဒဖြန့်မှုများကိုလည်းပြန်လည်ရှင်းလင်းလျက်ရှိသည်ကိုယ်လည်းတွေ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။