Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြုမြို့နယ် ရေပုတ်ကြီးရွာအနီး တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်များ ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက MI-35 ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

တာရာ/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန် ရေးတပ်များ ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက MI-35 ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ရေပုတ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်အား တော် လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုအတွင်း ကျောင်းကုန်းကြီးကျေးရွာမှ စစ်ကူလာသည့် စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ မနက် ၇ နာရီလောက်က တိုက်ပွဲဖြစ်တယ်။ နောက်ပြီး စစ်ကူလာတဲ့ သူတွေကိုလည်း ကြားဖြတ်တိုက်ခိုက်တာ ၅ယောက်၊ ၆ယောက် စစ်ကောင်စီဘက်က သေတယ်လို့ ပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် နံနက် ၁၀နာရီခန့်တွင် စစ်ကောင်စီက Mi-35 တစ်စီးဖြင့် အနီးရှိ ကျေးရွာများအား ပစ်ခတ်ခဲ့သေးသည်ဟုလည်း ဒေသခံများက ပြောသည်။

အဆိုပါတိုက်ပွဲအပြီးတွင် ရေပုတ်ကြီးကျေးရွာအား စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်းဂိတ်ဖြစ်သော ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column)၊ မင်းဘူးခရိုင် အမှတ်(၇) တပ်ရင်းနှင့် ပွင့်ဖြူမြို့နယ် ပကဖတို့ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ကျစ်ကိုင်းစစ်ဆေးရေးဂိတ်သည် ပွင့်ဖြူမြို့အဝင် စံပြကျေးရွာနှင့် (၅)မိုင်အကွာ၌တည်ရှိပြီး ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သား ၁၅ဦးခန့် အထိုင်ချထားလေ့ရှိကြောင်း ပွင့်ဖြူမြို့နယ် ပကဖထံမှ သိရသည်။

စစ်ကောင်စီတပ်သည် စလင်းမြို့ဘက်မှ စလင်း-ပွင့်ဖြူလမ်းအတိုင်း အင်အား ၅၀ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်ထံ ထပ်မံဖြည့်တင်းထား​ပြီး လတ်တလောတွင် နှစ်ဘက်စစ်ရေးတင်းမာနေသောကြောင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော ကျစ်ကိုင်းစစ်ဆေးရေးဂိတ်တည်ရှိရာ စံပြ-ဆည်တော်လမ်းပိုင်းအား ပြည်သူများအသုံးမပြုကြရန် တော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

အလားတူ သရက်ခရိုင်၊ မင်းဘူးမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၉ ရက်က သရက်-မင်းတုန်းလမ်းပိုင်း၌ စစ်ကောင်စီ​၏ ဖောကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မင်းတုန်းမြို့ ပုသိမ်-မုံရွာလမ်း၊ ကျောက်တိုင်ဆေးရုံအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်အား မကွေးတိုင်း ပကဖ အထူးလှုပ်ရှားတပ်(USB Army)နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Facebook