Connect with us

Hi, what are you looking for?

သတင်း

KIAနှင့် မဟာမိတ်များ သိမ်းပိုက်ထားသည့် နယ်မြေများ၌ တာဝန်ထမ်းဆောင်ရန် ဌာနဆိုင်ရာများက အဆင့်မြှင့်သင်တန်းများပေး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများ၌ တာဝန်ထမ်းဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနဆိုင်ရာများတွင် အဆင့်မြှင့်သင်တန်းများ ပြုလုပ်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့ပြီး စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ရန်လည်း နှိုးဆော်ထားသည်။

KIOအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမှတ်စဉ်(၁၅) လူဝင်မှုကြီးကြပ်ရေး သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၆ရက်က လိုင်ဇာမြို့၌ ကျင်းပနေစဉ်။ ဓာတ်ပုံ - The Kachin Net

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများ၌ တာဝန်ထမ်းဆောင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဌာနဆိုင်ရာများတွင် အဆင့်မြှင့်သင်တန်းများ ပြုလုပ်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၆ရက်တွင် ဖော်ပြခဲ့ပြီး စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ရန်လည်း နှိုးဆော်ထားသည်။

KIOအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာနက ကြီးမှူးဖွင့်လှစ်သည့် အမှတ်စဉ်(၁၅) လူဝင်မှုကြီး ကြပ်ရေး သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၆ရက်က လိုင်ဇာမြို့၌ ကျင်းပခဲ့ရာ ယင်းသင်တန်းဆင်းပွဲ အကြောင်း သတင်းဖော်ပြစဉ် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးကာလအတွင်း KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေတိုးလာသည်နှင့်အမျှ သိမ်းပိုက်နယ်မြေများ၌ တာဝန်ထမ်းဆောင်နိုင်ရန် KIO အစိုးရ၏ ဌာနဆိုင်ရာတိုင်း၌ အဆင့်မြှင့်တင် သင်တန်းများ ဖွင့်လှစ်နေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု လူဝင်မှုကြီးကြပ်ရေး သင်တန်းကို ၂၀၂၄ နိုဝင်ဘာက စတင်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ KIA တပ်မဟာ အသီးသီးက သင်တန်းသား ၁၆၀ဦး သင်တန်းဆင်းလက်မှတ်ရရှိခဲ့ပြီး ရာထူးပေးအပ်မှု ပြုလုပ်ခဲ့ဟု အသိပေးသည်။

အမှတ်စဉ်(၁၆)သင်တန်းကို ယခုနှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်၍ စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ရန် နှိုးဆော်ထားသည်။

KIAသည် ၂၀၂၃ အောက်တိုဘာကစ၍ စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ ၂၀၂၄ မတ်လ ၇ရက်တွင် စစ်ကောင်စီတပ်စခန်းများ၊ မြို့များ၊ ဒေသများအား တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ တစ်နှစ်အတွင်း စစ်ကောင်စီထိန်းချုပ်ရာ မြို့ ၁၅ခုထက်မနည်း နှင့် စစ်ကောင်စီတပ်စခန်း ရာချီ သိမ်းပိုက်ထားနိုင်ခဲ့သည်။

လက်ရှိတွင်လည်း ကချင်ပြည်နယ်၏ ဒုတိယ အကြီးဆုံးမြို့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။ ဗန်းမော်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ တပ်စွဲရာနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားပြီး အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဗန်းမော်မြို့ ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။