Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က ခွေး၊ကြောင်​တွေကိုကာကွယ်ဆေးထိုးရပြီ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

ဓာတ်ပုံ - CDF မင်းတပ်

ကဖေး/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

က​လေးငယ်​တွေအပါအဝင် ​ဒေသခံပြည်သူ​တွေဟာ​ခွေး​​လေး​တွေ ၊​ကြောင်​လေး​တွေယူလာပြီးကာကွယ်​ဆေးထိုး​ပေးကြတာကိုလည်း CDFမင်းတပ်ထုတ်ပြန်တဲ့ သတင်းဓါတ်ပုံ​တွေမှာ​တွေ့ရပါတယ်။

ချင်းပြည်ကာကွယ်​ရေးတပ် -မင်းတပ်(CDF မင်းတပ်) နဲ့ ​တော်လှန်​ရေးတပ်​တွေက မင်းတပ်မြို့ကိုသိမ်းပိုက်ပြီး​တော့ ပြန်လည်နေထိုင်မယ်ပြည်သူ​တွေ ဘေးအန္တရာယ်ကင်းစေဖို့အတွက် ​ခွေး​တွေ၊​ကြောင်​တွေကို ကာကွယ်ဆေး(Anti-Rabies Vaccine-Nobivac USA) အခမဲ့ လိုက်လံထိုး

Public Service Announcement

Public Service Announcement

နှံခြင်းနဲ့ ပညာပေးဟောပြောပွဲ​တေ်ပြုလုပ်​ပေးခြင်းဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့ကို CDF –မင်းတပ်ပါဝင်တဲ့ချင်းညီနောင်တပ်ဖွဲ့နဲ့ မဟာမိတ်​တွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲဒီ​နောက် အုပ်ချုပ်ရေးယန္တရား​တွေကိုလည်းအကောင်အထည်ဖော်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။