Connect with us

Hi, what are you looking for?

သတင်း

သဲကုန်းမြို့ဝင်ထွက်စစ်ဆေးရေးဂိတ်အား ပြည်ခရိုင်တပ်ရင်း တိုက်ခိုက်

ပဲခူးတိုင်း၊ သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်ရှိ မြို့အဝင်၊အထွက်ဂိတ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း (၃၆၀၁ )မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်ခရိုင် PDF တပ်ရင်း(၃၆၀၁)မှ ရဲဘော်များ အား တောတွင်းတစ်နေရာတွင်တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ကျော်ဇော၊ အိမ်သွင်/People’s Spring

ပဲခူးတိုင်း၊ သဲကုန်းမြို့၊ တယ်သီးပင်ရပ်ကွက်ရှိ မြို့အဝင်၊အထွက်ဂိတ်၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း (၃၆၀၁ )မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)နံနက် ၁၁နာရီခန့်က တယ်သီးပင်ရပ်ကွက်၊ ဆရာအတတ်သင်(၁)လမ်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃)နှင့် တပ်ခွဲ (၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်‌ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ရန်ကုန်သို့ဦးတည်သည့် စစ်ရေးဖော်ဆောင်မှုများအတွက် တပ်ရွှေ့ပြောင်းမည့်တပ်ရင်းတပ်ဖွဲ့များအားသွားရောက်တွေ့ဆုံခဲ့မှုမှတ်တမ်းရုပ်သံကို PDF တောင်ပိုင်းစစ်ဒေသက ဖေဖော်ဝါရီ ၂၃ရက်တွင် ထုတ်ပြန်ပြီး ရက်ပိုင်းအပြာတွင် ရန်ကုန်တိုင်းအနီးနှင့် ပဲခူးတိုင်းအတွင်း တိုက်ပွဲများဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဝင်ရောက်တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၁၀မိနစ်ခန့်ကြာဖြစ်ပွားကာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ PDF ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း တပ်ရင်း(၃၆၀၁)က အသိပေးသည်။

“တိုက်ခိုက်ချိန်မှာ ဒီကောင်တွေ အကုန်လုံး ခုနစ်ယောက်လောက်ရှိတယ်။ (မသေဘဲ)ကျန်တဲ့ကောင်တွေက ဘန်ကာပေါ်ကနေ မတရားပြန်ပစ်တော့တာ”ဟု ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

” ရဲစခန်းနဲ့ နီးနီးလေးရယ်။တိုက်ပွဲက ပြင်းတယ်ပြောရမယ်။ ဝုန်းဒိုင်းကြဲနေတာပဲ။ PDFတွေက တိုက်ပြီး ပြန်ခွာသွားတယ်။ စစ်တပ်ဘက်က သေတယ်ကြားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)မှ စစ်ရေးအရှိန်မြှင့်တင်လာပြီ ဖြစ်သောကြောင့်ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွနေထိုင်ခြင်း၊ လမ်းပြခြင်း၊ ကား၊ ဆိုင်ကယ်တို့ကို ငှားရမ်းခြင်းများ မပြုလုပ်ကြပါရန် တပ်ရင်း(၃၆၀၁)က အသိပေးထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပဲခူးရိုးမနှင့် ဆက်စပ်လျှက်ရှိသော ပေါင်းတလည်၊ ပေါက်ခေါင်း စသည့်မြို့နယ်များတွင် ယခု ဖေဖော် ဝါရီလလယ်ခန့်ကစ၍ စစ်ကောင်စီတပ်က အင်အားတိုးချဲ့ခြင်း၊ ရိုးမအစပ်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်လျှက်ရှိသည်။

ထို့အပြင် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန​၏ စစ်ရုံးချုပ်က ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ် အတွင်း ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားသည့် ဂိတ်စခန်း (၇)ခုကို တောင်ပိုင်းစစ်‌‌ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲလက်အောက်ခံ တပ်များနှင့် KNU/KNLA ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၂၅ နှင့် ၂၆ ရက်တွင် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ​၏ စခန်းများကို ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲလက်အောက်ရှိ အမှတ် (၃၇၀၂) တပ်ရင်း၊ အမှတ် (၃၅၀၂)တပ်ရင်း၊ Spring Warrior Column တပ်ရင်း၊ အာဠာဝကစစ်‌ကြောင်း(၇၈၀၃)၊ ဧရာဝတီစစ်ကြောင်း (၆၀၀၂)၊ စစ်တောင်းစစ်ကြောင်း၊ ရန်ကုန် ပကဖ၊ ဖြူး ပကဖ တို့နှင့် KNLA တပ်ရင်း(၉)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။