Connect with us

Hi, what are you looking for?

သတင်း

မကွေး-စစ်ကိုင်းတိုင်းအစပ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

စစ်ကောင်စီမှ သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိဟုဆို

ရဲခေါင်/People’s Spring

မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသအစပ် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူနှင့် အရှင်ဖမ်းမိသူများရှိကာ လက်နက်များပါ သိမ်းဆည်းရရှိကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ပြောသည်။

ရေစကြိုမြို့နယ်မှ မြောင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းကစပြီး ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပိတ်ဆို့ တိုက်ခိုက်နေခြင်းဟု သိရသည်။

“အဲဒီစကစ စစ်ကြောင်း လုံးလုံး ပိတ်မိသွားတာ။ ဂျက်တွေနဲ့ရော ရဟတ်ယာဥ်နဲ့ပါ စစ်ကူလာပေးရတယ်။ အခုထိလည်း တိုက်ပွဲက မပြီးသေးဘူးကြားတယ်”ဟု ရေစကြိုမြို့အခြေစိုက်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ ရေစကြိုနှင့် မြိုင်မြို့နယ်ဒေသအစပ်၌ တိုက်ပွဲ ဖြစ်ပွားမှုကို မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက အတည်ပြုသည်။

မြောက်မြို့နယ်အခြေစိုက် ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ကလည်း မြောက်နယ်သားများ တိုက်ပွဲဖော်ဆောင်ထားပြီး သတင်းကောင်းများ လာမည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ၊ အရှင်ဖမ်းဆီးရမှုများ၊ လက်နက်များလည်း ရရှိကြောင်းနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း ဆက်လက်အသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများကြဲပြီး မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် ပစ်ခတ်မှုရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။