Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်မှခေါ်ထုတ်သွားသည် ရိုဟင်ဂျာများအား စစ်ကောင်စီ စစ်မှုထမ်းခိုင်းရန်ပြင်ဆင်

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။

၂ဝ၁၉ ဒီဇင်ဘာက ဖမ်းဆီးမိသည့် ရိုဟင်ဂျာများအား ပုသိမ်မြို့တရားရုံးတွင် ရုံးထုတ်လာစဉ်။ ဓာတ်ပုံ - အေအပ်ပီ

အိမ်သွင်/People’s Spring

အင်းစိန်အကျဉ်းထောင်မှ ခေါ်ထုတ်သွားသည် ရိုဟင်ဂျာ ၉၀၀ကျော်အနက်မှ အမျိုးသမီးများအား စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများသို့ ပို့ဆောင်လိုက်ပြီ အမျိုးသား ၅၀၀ကျော်အား စစ်ကောင်စီက စစ်သင်တန်းပေးရန်စီစဉ်နေကြောင်း အဆိုပါမြို့သတင်းရင်းမြစ်က ပြောသည်။

ကလေးငယ်များ၊ အမျိုးသမီးများအပါအဝင် ရိုဟင်ဂျာ ၉၃၆ဦးအား စစ်ကောင်စီတပ်နှင့်ရဲများက ခရီးသယ်တင်ကားများဖြင့် ဖေဖော်ဝါရီ ၁၆ရက်တွင် အင်းစိန်ထောင်မှ ခေါ်ထုတ်သွားပြီး ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၉ရက်တွင် စစ်တွေမြို့သို့ရောက်ရှိပြီးနောက် အမျိုးသားများအား စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကြောင်း မြို့ခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” အမျိုးသမီးနဲ့ကလေးတွေကို ၁၅၀စီခွဲပြီး ဒုက္ခသည်စခန်းတွေကို ပို့လိုက်တယ်။ အမျိုးသားတွေအကုန်လုံးကို စစ်သင်တန်းတက်ခိုင်းမယ်လို့ သိထားတယ်။ သူတို့အနေနဲ့ ဘာမှတောင်းဆိုပိုင်ခွင့်ရှိမနေဘူးဖြစ်နေတယ်”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်ဆီက ခေါ်ထုတ်သွားသူများတွင် လွတ်ရက်စေ့ ရိုဟင်ဂျာအမျိုးသား(၁၈)ဦး၊ ကျန်ရိုဟင်ဂျာအမျိုးသား( ၅၈၄)ဦး၊အမျိုးသမီး(၂၆၇)ဦး၊ကလေး(၆၇)ဦးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။ ၎င်းတို့အား စစ်ကောင်စီက စစ်သားသစ်အဖြစ်စုဆောင်းနိုင်သလို တိုက်ပွဲများတွင် လူသားတံတိုင်းအနေဖြင့်အသုံးပြုနိုင်၍ စောင့်ကြည့်သင့်ကြောင်း PPNM က တိုက်တွန်းထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား မေးမြန်းရန်ဆက်သွယ် သော်လည်း ဖုန်းကိုင်ဆောင်ခြင်းမရှိပေ။

စစ်ကောင်စီသည် ဘူးသီးတောင်နှင့်မောင်တောဒေသတိုက်ပွဲများတွင် ရိုဟင်ဂျာများအား စစ်သင်တန်းပေး၍ စစ်တိုက်ခိုင်းခဲ့သလို လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် စစ်တွေနှင့်ကျောက်ဖြူမြို့နယ်တွင်လည်း ရိုဟင်ဂျာများ အသုံးချနေသည်ဟု ဒေသခံသတင်းမြစ်များက ပြောသည်။

မြန်မာနိုင်ငံဒေသအနှံ့ အကျဉ်းထောင်အသီးသီးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် ပုဒ်မများဖြင့် ဖမ်းဆီး အရေးယူခြင်းခံထားရသည့် ရိုဟင်ဂျာ ၂,၀၀၀ နီးပါး ရှိနေပြီး အင်းစိန်ထောင်၊ပုသိမ်ထောင်၊မြောင်းမြထောင်၊မအူပင်ထောင်၊ပြည်ထောင်တို့တွင် ဖမ်းဆီးအကျဉ်းချထားကြောင်း PPNMက ၂၀၂၄ ဒီဇင်ဘာတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။