Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်အနီးတွင် တိုက်ပွဲပြင်းထန်နေ

ကော့နွှဲ့ရွာတိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်း သေဆုံး၊ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရဟု SOGစစ်ကြောင်း ပြော

တိုက်ပွဲတစ်ခုအတွင်း တွေ့ရသော Special Operation Group-SOG စစ်ကြောင်းမှ ရဲဘော်များ။ ဓာတ်ပုံ - SOG

ဒီးဒီ/People’s Spring

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြည့်တင်းနေသော စစ်ကောင်စီတပ်နှင့် ကော့နွှဲ့ကျေးရွာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် အထိနာနေသည်ဟု အဆိုပါဒေသရှိ Special Operation Group-SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၇ရက်က ကော့ကရိတ်မြို့အထွက်ရှိ (၂)မိုင်ခန့်သာကွာဝေးသော ကော့နွှဲ့ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ အချိန် ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု SOG စစ်ကြောင်းက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုရှိခဲ့ပြီး SOG စစ်ကြောင်းမှလည်း ရဲဘော် ရန်နိုင်စိုး (ခ)ရဲဘော်ဟင်္သာတ ကျဆုံးခဲ့ရသည်ဟု SOG စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“၂၇ မတိုင်ခင်တည်းက ဖြစ်နေတာ။ ဒီနေ့ထိလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ကအတော်လေးကြမ်းတယ်။ လက်နက်ကြီးတွေနဲ့ ထုတာများတယ်။ ဒရုန်းလည်းပါတယ်။ ဒရုန်းချတာများတယ်။ ‌ေ၇ှ့ရက်တွေရောဆို စစ်ကောင်စီဘက်က အကျအဆုံးက သေချာမသိရပေမယ့် ၁၅ယောက်ထက်မနည်းဘူး”ဟု ၎င်းက ပြောသည်။

ထို့အပြင် ယနေ့(ဖေဖော်ဝါရီ ၂၈ရက်)တွင်လည်း တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

ကျားဖြန့်နှိမ်နင်း​ရေးအကြောင်းပြပြီး မြဝတီ​ဒေသသို့ မီး၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်များစသဖြင့် ဘက်စုံဖြတ်​တောက်ထားချိန်တွင် အင်အားဖြည့်တင်းထား​သောစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းတိုက်ပွဲများ ပြင်းထန်နေသည်။

ကရင်ပြည်နယ်၊ မြဝတီဒေသ၌ ကျားဖြန့်ငွေလိမ်ဂိုဏ်းလုပ်ငန်းများတွင် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ သောင်းနှင့်ချီလူကုန်ကူးပြီး အလုပ်စေခိုင်း​နေသည်ဆိုကာတရုတ်၊ထိုင်း အစိုးရနှင့် စစ်​ကောင် ပူး​ပေါင်း၍ ​ဖေ​ဖော်ဝါရီ လဆန်းမှစ၍ လျှပ်စစ်မီး ၊အင်တာနက် ၊စက်သုံးဆီ နှင့် ကုန်စည်ှဝင်ထွက်မှုများ ကိုဖြတ်​တောက်ခဲ့သည်။ တချိန်တည်း စစ်ကောင်စီက ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ ပိတ်ဆို့ခံနေရသော အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊​ကော့ကရိတ်သို့လည်း စစ်ကူများစွာ​ပေးပို့​နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် ကော့ကရိတ်မြို့သို့ အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နှင့် ဒေါနတောင်ကြားတွင် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်တိုက်ပွဲများပြင်းထန်နေသည်ဟု အဆိုပါနယ်မြေရှိ PDF စစ်ကြောင်းမှူးတစ်ဦးက ဖေဖော်ဝါရီ ၂၇ရက်တွင် ပြောထားသည်။

ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်း​အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊PDF နှင့် ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထားသည်။

၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDFနှင့် ‌ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါနေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်ကစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။