Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ကျော်၏ အမည်စာရင်းပေါက်ကြား

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ ကျော်၏ အမည်စာရင်း ရရှိထားကြောင်း ပခုက္ကူခရိုင်အခြေစိုက်လှုပ်ရှားတပ် People’s Democratic Army(PDA)က အသိပေးထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီတပ်ခေါ်ယူမည့် လူငယ် ၇၀၀ ကျော်၏ အမည်စာရင်း ရရှိထားကြောင်း ပခုက္ကူခရိုင်အခြေစိုက်လှုပ်ရှားတပ် People’s Democratic Army(PDA)က အသိပေးထုတ်ပြန်သည်။

ညောင်ဦးမြို့နယ်ရှိ ပြည်သူလူထုအတွက်အရေးပေါ် အသိပေးချက်ဟုဆိုကာ စစ်ကောင်စီ၏ အတင်း အကြပ်စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်မှုထမ်းခိုင်းရန် အကြုံးဝင်သူများ၏ အမည်စာရင်းများကို စစ်ရေးလှုပ်ရှားမှုတစ်ခုအတွင်းမှ ရရှိခဲ့သည်ဟု PDAက ဆိုသည်။ အမည်စာရင်းကို

PDA ၏ ​ဖေစ်ဘွခ်စာမျက်နှာ https://www.facebook.com/share/1BiRuJNVn5 တွင် သွား​ရောက်ကြည့်ရှုနိုင်ပါသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စာရင်းထဲပါရှိသူများအနေဖြင့် စစ်ကောင်စီရန်မှ အမြန်ဆုံးလွတ်မြောက်နိုင်စေရန် အသိပေးခြင်းဖြစ်ကာ နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ရှောင်ရှားရန်နှင့် PDA အနေဖြင့်လည်း ကူညီပေးနိုင်ရန် အမြဲအဆင်သင့်ရှိနေကြောင်း ဖော်ပြထားသည်။

“လူငယ်​တွေအ​နေနဲ့ စစ်​ကောင်စီရဲ့မတရားပြုသမျှကို ​ခေါင်းငုံ့မခံဘဲ လက်နက်ဆွဲကိုင် ​တော်လှန်ကြဖို့နဲ့ ​တော်လှန်​ရေး အဖွဲ့အစည်းများနှင့် အမြန်ဆုံးပူး​ပေါင်းကြဖို့ တိုက်တွန်းလိုတယ်။ စစ်​ကောင်စီကို အမြစ်ပြတ်​ချေ မှုန်းရုံမှတပါး တခြားမရှိဘူးဆိုတာကို လူငယ်အားလုံး သ​ဘော​ပေါက်ဖို့လည်း လိုတယ်”ဟု PDAတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ ပေါ်တာဆွဲခံရသည့် ဖြစ်စဥ်များကြောင့် လူငယ်များ လက်နက်ကိုင်တော်လှန်ရေး လမ်းစဥ်ကို ကူးပြောင်းလာကြသူများရှိကြောင်းလည်း ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တပ်ခွဲ(၃)တာဝန်ရှိသူက အသိပေးသည်။

” သူတို့အနေနဲ့က အရင်ကတည်းက ဒီတောထဲကို ရောက်မလာတာပဲ ရှိတာပေါ့နော်။မြို့ပေါ်နေပြီး လိုအပ်တာတွေထောက်ပံ့နေသူတွေ ရောက်လာတဲ့အထဲမှာ များတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ရက်ကလည်း ညောင်ဦးမြို့နယ်၊ မြောင်ကျေးရွာ ရှင်ပြုအလှူပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံအမျိုးသား ကိုးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“အရပ်သားတွေကို PDF သတင်းပေးဆိုပြီးတော့ ဖမ်းဆီးတာ။သတင်းရသလောက်တော့ ၉ ယောက်ပေါ့။ ခုထိတော့ ပြန်လည်လွှတ်ပေးတာမျိုးမရှိသေးဘူး”ဟု ညောင်ဦးမြို့နယ် ပကဖ တပ်ခွဲ(၃) တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ညောင်ဦးမြို့နယ်၏ အရှေ့မြောက်ဘက်ခြမ်းရှိ ငါ့သရောက်မြို့ကို စစ်ကောင်စီက အင်အားတိုး၍ လမ်းပိုင်းစစ်ဆေးမှုများပြလုပ်နေပြီး ပြည်သူများ ဂရုစိုက်နေထိုင်ရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လူဦးရေနှင့် သန်းခေါင်စာရင်းအရ ညောင်ဦးမြို့နယ်တွင် လူဦးရေ တစ်သိန်းကျော်ရှိပြီး ရပ်ကွက် ၁၃ ခုနှင့် ကျေးရွာအုပ်စု ၅၉ ရွာရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။