Connect with us

Hi, what are you looking for?

သတင်း

ယာယီ ရမခ တိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ကျားဖြန့်ပတ်သက်မှုဖြင့်စစ်ကောင်စီဖမ်းဆီး

ယာယီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် အရာရှိအချို့သည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေ‌ကြောင်း တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့်စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

ကျားဖြန် ​ခေါင်းစဥ်ဖြင့် အဖမ်းခံရ​သော ယာယီ ရမခ တိုင်းမှူးဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် ဇနီး​ဒေါ်​ချောစုစုလွင်

■မိုင်းရယ်ဗျူဟာမှူး၊ တန့်ယန်းဗျူဟာမှူး နှင့် အခြားအရာရှိ ၃ဦးထက်မနည်းပါဝင်

■တရုတ်အစိုးရက သတင်းအတိအကျ​ပေးဖမ်းခိုင်း၍ စစ်​ကောင်စီဖမ်း​ပေးရခြင်းဖြစ်

ကဖေး/People’s Spring

ယာယီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် အရာရှိအချို့သည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေ‌ကြောင်း တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့်စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

Public Service Announcement

Public Service Announcement

ရမခ တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်း နှင့် မိုင်းရယ်ဗျူဟာမှူး၊ တန့်ယန်းဗျူဟာမှူး နှင့် အခြားအရာရှိ ၃ဦးထက်မနည်းကို တရုတ်အစိုးရ၏သတင်း​ပေးမှုဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်ပတ်ဝန်းကျင်တွင် ကျားဖြန့်လုပ်ငန်းများ၌ ပါဝင်ပတ်သက်သည်ဆိုကာ စစ်ကောင်စီကဖမ်းဆီးလိုက်ခြင်းဟု နေပြည်တော်သတင်းရင်းမြစ်အချို့က ပြောသည်။

” တိုင်းမှူးနဲ့အတူ အတွဲလိုက်ကြီး အဖမ်းခံရတာ။ ချိန(တရုတ်)ဘက်က သတင်းအတိအကျပေး ဖမ်းခိုင်းတာဆိုတော့ ဖမ်းရတာပဲ” ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်မြင့်ကျော်ထွန်း သည် ရမခတိုင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည်မှာ ၇ လခန့်သာရှိသေးသည်။ မူလက ၎င်းသည် လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယလေ့ကျင့်ရေးအရာရှိဖြစ်သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လက လားရှိုးမြို့ကို MNDAA ကထိုးစစ်ဆင်​နေစဥ် ရမခ တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုMNDAAက ဖမ်းဆီးခဲ့သည်။ ထို​နောက်ရမခတိုင်းမှူးအဖြစ် မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို စစ်ကောင်စီက အစားထိုးခဲ့သည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ် လားရှိုးနှင့် ရမခကျခဲ့၍ စစ်​ကောင်စီက ၎င်းအား ထပ်မံထုတ်ပယ်ပြန်သည်။

လားရှိုးမြို့ရှိ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ကို ၂၀၂၄ သြဂုတ်လဆန်းတွင် MNDAA နှင့် မဟာမိတ်တပ်များကသိမ်းပိုက်သွား၍ မိုင်းရယ်မြို့တွင် ယာယီနမခ ဆိုကာ ပြန်ဖွဲ့စည်းပြီး ဗိုလ်ချုပ်မြင့်ကျော်ထွန်းအား တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

မိုင်းရယ် နှင့် တန့်ယန်းတွင် ကျားဖြန့်ငွေလိမ်လုပ်ငန်းအများအပြားရှိနေပြီးဗိုလ်ချုပ်မြင့်ကျော်ထွန်းက ခွင့်ပြုထားခဲ့သည့် လုပ်ငန်းများဖြစ်ကြောင်းသတင်းများထွက်ပေါ်ခဲ့ဖူးသည်။မိုင်းရယ်မြို့တွင် ရမခ ဌာနချုပ်ယာယီဖွင့်ပြီးနောက် ကျားဖြန့်လုပ်ငန်းများပိုမိုများပြားလာသည်ဟု ဒေသခံများကပြောသည်။

တရုတ်အစိုးရ၏ သတင်း​ပေး​စေခိုင်းမှုဖြင့်ပင် မိုင်းရယ်မြို့နယ် ၊နောင်ဟန်ရွာအနီး ရှိ ကျားဖြန့်ရုံအချိို့ကို ဖေဖော်ဝါရီလ၅ရက်၊ ၆ရက်နှင့် ၇ရက်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ သုံးရက်ဆက်ဖမ်းဆီးမှုများအတွင်းတရုတ်နိုင်ငံသား ၂၉ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား၄၀ကျော် ဖမ်းမိထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဆောင်ရွက်နေစဉ် ၂၀၂၄ ခုနှစ် အစောပိုင်းကလည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( လောက်ကိုင်)ဒကစမှူးဗိုလ်မှူးချုပ်‌ဇော်မင်းကိုလည်း စစ်ကောင်စီကဖမ်းဆီးခဲ့ဖူးသည်။ဗိုလ်မှူးချုပ်ဇော်မင်းနှင့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုးတို့သည် ကျားဖြန့်ဂိုဏ်းများနှင့်ပတ်သက်၍ တရားခံဟုဆိုကာ ဖမ်းဆီးစစ်ဆေးရန် တရုတ်ဘက်ကတောင်းဆိုပြီးနောက် ယင်းနှစ်မတ်လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။မေလတွင် ဗိုလ်ချုပ်အောင်လင်းထွန်း၊ဗိုလ်ချုပ် လှမိုးတို့ကို ထောင်ဒဏ်ချမှတ်လိုက်ပြီး ဗိုလ်မှူးချုပ်‌ဇော်မင်းကို သေဒဏ်ချမှတ်ခဲ့သည်။သေဒဏ်ချမှတ်ခံထားရပြီးနောက် ဒိုက်ဦးထောင်တွင် ထိန်းသိမ်းခံထားရစဉ် ဗိုလ်မှူးချုပ်‌ဇော်မင်းသည် စိတ်ကျရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများကပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်၏ သတင်းပေးမှုနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးပြီး ၂၀၂၄ ဇန်နဝါရီလ ၃၀ရက် ညတွင်တရုတ်ထံ လွှဲပေးခဲ့သည်။ ပယ်ဆောက်ချိန်မိသားစုကို တရုတ်အစိုးရက ဆက်လက်စစ်ဆေးနေပြီး ၎င်းတို့၏ ဖြောင့်ချက်များအရ စစ်ကောင်စီတပ်ဖွဲဝင်များကို ဆက်လက်ဖမ်းဆီးနေခြင်းဖြစ်သည်။

“ကျားဖြန့်ကိစ္စမှာ ရှမ်းလေးရှမ်းလို့ ခေါ်တဲ့ ရမခ ( အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ၊ရပခ (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) ၊ ရလခ (အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) နဲ့ တသခ (တြိဂံတိုင်းစစ်ဌာနချု-ပ်) တွေမှာရှိတဲ့ အကောင်ကြီးတွေ တော်တော်များများ လွတ်စရာ အကြောင်းမမြင်ဘူးဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။