Connect with us

Hi, what are you looking for?

သတင်း

AA နှင့် ပူး​ပေါင်းတပ်များက နတ်ရေကန်ဗျူဟာကုန်းစခန်းသိမ်းထိုးစစ်စတင်

မကွတိုင်း၊ ငဖဲမြို့နယ်အတွင်း ကပစ(၁၄)အနီးရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပြီဖြစ်​ကြောင်း ​ဒေသခံအချို့ကပြောသည်။

ကဖေး/People’s Spring

မကွတိုင်း၊ ငဖဲမြို့နယ်အတွင်း ကပစ(၁၄)အနီးရှိ နတ်ရေကန်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ပိတ်ဆို့ထားပြီး စခန်းသိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပြီဖြစ်​ကြောင်း ​ဒေသခံအချို့ကပြောသည်။

“AAက အလံဖြုထောင်ခိုင်းထားတာ။ မထောင်လို့ ထိုးစစ်စပြီပေါ့။ဒီဗျူဟာကိုစစ်တပ်ကအင်အားမဖြည့်နိုင်တော့ဘူး။ဘာနဲ့လာလာပစ်ချလို့ရတဲ့အနေပါ။” ဟု စစ်​ရေးသတင်းရင်းမြစ်ကပြောသည်။

ခံစစ်အခိုင်အမာပြင်ဆင်ထားသော နတ်ရေကန်ဗျူဟာကုန်းကို ဖေဖော်ဝါရီလဆန်းမှစတင်တိုက်ခိုက်ခဲ့ပြီး လကုန်ပိုင်းတွင် ဝိုင်းပတ်ပိတ်ဆို့ထားသည့် အခြေအနေဖြစ်သည်။ မူလက အင်အား ၄၀၀ ခန့်ရှိသော်လည်း ယခုအခါ အင်အား ၁၀၀ခန့်သာ ရှိတော့ကြောင်း သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

“ထွက်ပြေးတာတွေရော ကျတာတွေရောနဲ့ အင်အား ၁၀၀ လောက်ပဲရှိတော့တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

နတ်ရေကန်ဗျူဟာကုန်းအတွင်း ကွန်ကရစ်ဘန်ကာများ၊ ဘက်ဟိုးများဖြင့်တူးထားပြီးအခိုင်အမာဆောက်ထားသော ဗုံးခိုကျင်း၊ မိုင်းကွင်းများရှိနေပြီး လက်ရှိတိုက်ပွဲအခြေအနေသည် အနီးကပ်ဖြစ်ပွားနေ၍ စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်နိုင်ခြင်းမရှိတော့ကြောင်းသတင်းရရှိသည်။

“စက်တပ်လေယာဉ်လာလည်းပစ်ချခံရမှာပဲ။တိုက်ပွဲဧရိယာမှာတော့ လေကြောင်းအန္တရာယ်လုံးဝမရှိဘူး။ မြို့ခံပြည်သူတွေ၊ဒေသခံတွေကတော့ အထူးသတိထားဖို့လိုမယ်” ဟုဒေသအခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

နတ်ရေကန်ဗျူဟာသည် ငဖဲမြို့နယ်အတွင်းရှိပြီး ပွင့်ဖြူမြို့နှင့်လည်းဆက်စပ်သည်။ အမ်း-ပဒါန်းလမ်းနှင့်လည်း ဆက်စပ်တည်ရှိသည်။ ငဖဲမြို့နယ်ရှိ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ(၁၄)နှင့် ၅မိုင်ခန့်သာ ဝေးသည်။

“နတ်ရေကန်ဗျူဟာရရင် ကပစ(၁၄) ပြိုပြီ။မကြာခင်သတင်းကောင်းကြားရဖို့ရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

AAနှင့် ပူးပေါင်းတပ်များသည် ပဲခူးတိုင်းအတွင်း ပန်းတောင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်၊ရေကြည်မြို့နယ်တို့မှစစ်ကောင်စီစခန်းအချို့ကိုလည်း တိုက်ခိုက်နေပြီး လက်ရှိတွင် သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။