Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းခံရတဲ့ ကားသမား မြိုင်ပကဖအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခံရတဲ့ ကားသမားတစ်ဦး စစ်တပ်ကနေ ထွက်ပြေးလာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ပါတယ်။

ထွက်ပြေးလာသည့် ပေါ်တာဆွဲခံရသော ကားသမားအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ

မင်းညို/People’s Spring

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲခံရပြီးနောက် စစ်မှုထမ်းခံရတဲ့ ကားသမားတစ်ဦး စစ်တပ်ကနေ ထွက်ပြေးလာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာခဲ့ပါတယ်။

မနေ့က (မတ်လ ၁ရက်)နေ့မှာ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် (၁၀၁)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတဦးဟာ မြိုင်ပကဖ ၊ တပ်ရင်း၁ – တပ်ခွဲ (၂) ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ထံ အလင်းဝင်လာခဲ့တယ်လို့ မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောပါတယ်။

ကိုမျိုးမင်းအောင်လို့ အမည်ရတဲ့ အဲဒီစစ်သားဟာ အရင်က ကားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာမှာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃)ကနေ စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရတာလို့ ၎င်းက ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကနေ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁)ကို ပို့ဆောင်ခံခဲ့ရပြီး ယခုအခါ ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

“အစကတည်းက မပျော်လို့ တခြားအဖွဲ့စည်းကနေတဆင့် ဆက်သွယ်လာလို့ခေါ်ထုတ်လာတာပါ။”လို့ မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောပါတယ်။

သူကိုင်ဆောင်တဲ့ MA-1 သေနတ် ၁လတ် ၊ MA ကျည် ၆၀ ၊ ကျည်ဘောက် ၃ခုကိုပါ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့တာပါ။

စစ်ကိုင်းတံတားမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာဘဲ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်က PDF တပ်ရင်းများ၊ပကဖများသို့ ဆက်သွယ်ကာ ဒုရဲအုပ် (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၂၈) ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။