Connect with us

Hi, what are you looking for?

သတင်း

ILO ပုဒ်မ ၃၃အရ စစ်ကောင်စီကို ချက်ချင်းအရေးယူပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

ဂျပန်နိုင်ငံရောက် မြန်မာများက “ILO ပုဒ်မ ၃၃ အရ ချက်ချင်းအရေးယူပေး” ဆောင်ပုဒ်များ ကိုင်ဆောင်၍ Photo Campaign ပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှ စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်ချိုးဖောက်မှုများအတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် ယနေ့ (မတ်လ ၂) တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - CUTM

သုည/People’s Spring

ဂျပန်နိုင်ငံရောက် မြန်မာများက “ILO ပုဒ်မ ၃၃ အရ ချက်ချင်းအရေးယူပေး” ဆောင်ပုဒ်များ ကိုင်ဆောင်၍ Photo Campaign ပြုလုပ်ကာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)မှ စစ်တပ်၏ မြန်မာပြည်သူများအပေါ် ကျူးလွန်ချိုးဖောက်မှုများအတွက် အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် ယနေ့ (မတ်လ ၂) တောင်းဆိုမှု ပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ ချက်ချင်းအရေးယူပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်မှုများကို မြန်မာပြည်တွင်း သပိတ်စစ်ကြောင်းများက ပြုလုပ် တောင်းဆိုနေသလို နိုင်ငံတကာရောက် မြန်မာကလည်း တိုက်တွန်းဆန္ဒပြနေသည်။

လာမည့် ဇွန်လတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ်-ILO ညီလာခံမှ စစ်ကောင်စီကို အရေးယူရန် ၂၀၂၄ နိုဝင်ဘာတွင်ကျင်းပခဲ့သော ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးက အတည်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်အား အရေးယူရန် ၂၀၂၁ ကတည်းက တောင်းဆိုထားခြင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာတွင် ILOက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရွှေပြည်သာမြို့နယ်မှာဖွင့်ထားတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံရဲ့ကြေငြာသင်ပုန်းအရှေ့ မှာ အလုပ်သမားတွေတရုန်းရုန်းနဲ့ဖြစ်နေပြီး HRဌာနက ကပ်သွားတဲ့ကြေညာစာကို တိုးဝှေ့ဖတ်ရှုနေ ကြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။