Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ် ဒီနေ့ စတင်

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ်လ ၃ရက် မနက်ပိုင်းမှာ နေပြည်တော်ကနေ ရုရှားကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ရုရှားကို ထွက်ခွာတော့မယ့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ လိုက်ပါနှုတ်ဆက်ကြသူများအား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကောင်စီ

လီလီယန်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမီယာပူတင်ရဲ့ ဖိတ်ကြားချက်အရ ဒီနေ့ မတ်လ ၃ရက် မနက်ပိုင်းမှာ နေပြည်တော်ကနေ ရုရှားကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အာဂျင်တီးနားတရားရုံးကနေ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပထမဆုံးပြည်ပခရီးစဥ်ဖြစ်သလို ဒီမော်စကိုခရီးစဥ်အတွင်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကနေ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ICC က မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ ICC တရားလိုရှေ့နေချုပ်က ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာမှာ ရုံးတော်ကို လျှောက်ထားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားသမ္မတ ပူတင်က မော်စကိုကို တရားဝင်ဖိတ်ကြားတွေ့ဆုံတာ မရှိပေမယ့် ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ရောက်ရင်း စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတို့ တွေ့ဆုံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားသမ္မတပူတင်ကို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်အဖြစ် မြှောက်ပင့်ပြောဆိုခဲ့ပြီး ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ပူတင်ရဲ့ ဦးဆောင်မှုကို ဖော်လန်ဖားလုပ်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ စစ်ခေါင်းဆောင်ဟာ ရုရှားသမ္မတပူတင်နဲ့ မော်စကိုမှာ တရားဝင်တွေ့ဆုံခွင့်ရမှာဖြစ်ပြီး ရုရှား-မြန်မာ အပြန်အလှန်အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်ရေး တိုးချဲဲ့ဖို့နဲ့ နိုင်ငံတကာကိစ္စရပ်တွေ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

ဒီခရီးစဥ်မတိုင်ခင်မှာ ရုရှားရဲ့ စီးပွားရေးဝန်ကြီး နေပြည်တော်ကို ရောက်လာခဲ့ပြီး ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ နားလည်မှုစာချွန်လွှာတရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဥ်မှာ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ရဲဝင်းဦး၊ ကောင်စီဝင် ညိုစော၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေ အပါအဝင် စစ်ကောင်စီဝန်ကြီးတွေ လိုက်ပါသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။