Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ရဲခေါင်း/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

ယနေ့(မတ်လ ၃ ရက်) နံနက် ၃နာရီခန့်က စစ်သုံပန်း ရှစ်ဦးသည် အစောင့်ရဲဘော်များ၏ လက်နက်များ လုယူကာ မင်းတပ်မြို့နှင့် ထိစပ်နေသည့် ယောဒေသသို့ ထွက်ပြေးသွားခြင်းဟု သတင်းရရှိသည်။

စစ်သုံ့ပန်းရှစ်ဦးသည် ထွက်ပြေးစဥ် လမ်းမှာတွေ့သည့် ပြည်သူ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း ယောဒေသရှိ စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿက အသိပေးသည်။

Public Service Announcement

Public Service Announcement

“သုံ့ပန်းတွေပြေးတာ ဖြစ်နိုင်တယ်တဲ့ ။သတင်းပို့ချက် မရောက်လာသေးဘူး။မြို့ထဲကအဖွဲ့တော့ မဟုတ်ဘူး ။ဘယ်တပ်ရင်းဖက်ကလည်းဆိုတာ အတည်ပြုခိုင်းထားတယ်”ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်အား သိရှိနိုင်ရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်ထံ ယနေ့ နေ့လည်ပိုင်းကတည်းက လူထုနွေဦးက ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ဒေသတွင်း ပုံမမှန်သည့်ဖြစ်စဥ်နှင့် ဒေသခံမဟုတ်သူဟု ယူဆရသူများကို တွေ့ပါက နီးစပ်ရာပြည်သူ့တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် ကိုမင်းဒဿက တိုက်တွန်းသည်။

ထို့အပြင် ဂန့်ဂေါမြို့နယ်တောင်ပိုင်းရှိ မြစ်သာဆည် ကာကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ခန့်သည် တပ်ဖြန့်၍ မင်းတပ်မြို့မှထွက်ပြေးလာသည့် စစ်သုံ့ပန်းများအား ရှာဖွေနေကြောင်းလည်း ယောဒေသ စစ်ရေး၊လူမှုရေးအခြေအနေများကို ဖော်ပြသည့် ယောအလင်းတန်း တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်တွင် ချင်းညီနောင်အဖွဲ့နှင့်အတူ ယောကာကွယ်ရေးတပ်၊ယောတတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၃)တို့လည်း ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်အများအပြားရရှိပြီး ရုပ်သံဖိုင်မှတ်တမ်းအရ စစ်ကောင်စီတပ်သား ၁၀၀ထက်မနည်း အရှင်ဖမ်းမိရရှိခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။