Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့်ဒရုန်း တိုက်ခိုက်မှုလုပ်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်း မိုးဗြဲမြို့တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို တွေ့ရစဥ်။ ဓာတ်ပုံ -ထွဋ်ခေါင်

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ မိုးဗြဲမြို့၏ (၂)မိုင်ကျော်အကွာအဝေးနှင့်အနောက်မြောက်ဘက်ခြမ်းတွင်ရှိသော ခမရ (၄၂၂)တပ်တွင်းမှ မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေခြင်းဟု သိရသည်။

“စစ်ကောင်စီတပ်တွေက ၄၂၂ တ​ပ်ထဲကနေ မိုးဗြဲ မြို့ထဲကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်း ထိုးတယ်ပေါ့နော်။ပြီးရင်တော့ ဒီ စေတမန်လို ဘာသာရေးအဆောက်အဦးမှာ တပ်စွဲတာတွေ၊ကာကင်းထားတာတွေလုပ်တယ်။တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။စစ်ကောင်စီတပ် ခိုအောင်နေတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်ချေမှုန်းတာတွေလုပ်တယ်။စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီးတော့ စစ်ကြောင်းထိုး၊ဒရုန်း တွေနဲ့တိုက်ခိုက် လေကြောင်းတွေနဲ့ ဗုံးကြဲ ဒီလို အဆက်မပြတ် လုပ်နေတာရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက လက်ရှိမိုးဗြဲမြို့စစ်ရေးအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လတ်တလောစစ်ရေးအရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်တွင်လည် ထိခိုက်မှုနှင့် ကျဆုံးမှုအချို့ရှိကြောင်း ၎င်းက အသိပေးသည်။

ယမန်နှစ် နိုဝင်ဘာကစ၍ ခမရ(၄၂၂)တပ်ရင်းအား စစ်သည်အင်အားဖြည့်တင်းပြီးနောက် မိုးဗြဲ မြို့တွင်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သည့် မိုးဗြဲမြို့သည် နှစ်ဖက်စစ်ရေးအရ အရေးပါသည့် နယ်မြေဟု ဒေသတွင်းစစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။

“စကစ စစ်လန်ပြီး မိုးဗြဲက ၄၂၂ တပ်ကိုသာ ထပ်ခြိမ်းခြောက်နိုင်ရင် ဖယ်ခုံနဲ့ လွိုင်ကော် မြို့တော်က သူတို့အတွက်ထပ်ပြီး စိုးရိမ်စရာဖြစ်လာမယ်။ဒီလိုပဲ မိုးဗြဲသာ စကစ ဘက်က နယ်မြေရမယ်ဆိုရင် ဒီးမော့ဆို၊ဘောလခဲကြောအထိပွင့်ဖို့က ရာခိုင်နှုန်းများတယ်”ဟု ၎င်းက ပြောသည်။

ကရင်နီပူးပေါင်းတပ်က ၂၀၂၃ ဒီဇင်ဘာက ထိန်းချုပ်ခဲ့သည့် မိုးဗြဲမြို့ကို ပြန်ရရန် စစ် ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်ကစ၍ မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက် နက်များဖြင့်ပါ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

PJပတ်စပို့စ်ကိုင်ဆောင်သူများ ပြည်ပထွက်ခွင့် ပိတ်၊ ၅ရက်ကြို ခွင့်ပြုချက်တင်ရမည်ဟု ဆို

သတင်း

နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်အတွက် စတင်ပြင်ဆင်နေပါပြီ။

သတင်း

ကလေးငယ်များနှင့် သံဃာများအပါအဝင် ပြည်သူများစွာသေဆုံးထိခိုက်ခဲ့ရသည့် စဉ့်ကူးမြို့နယ်စျေးနှင့် နောင်ချိုမြို့စာသင်တိုက်အား လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့(မတ်လ ၁၇ရက်) ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်‌‌‌ကျေးရွာကို မနေ့(မတ်လ ၁၆ရက်)ညပိုင်းက စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုနဲ့ လသားကလေးငယ်အပါအဝင် သေဆုံးသူ ၄ဦးရှိပြီး ထိခိုက်‌‌ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook