Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့်ဒရုန်း တိုက်ခိုက်မှုလုပ်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုရက်ပိုင်း မိုးဗြဲမြို့တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်သားအလောင်းများကို တွေ့ရစဥ်။ ဓာတ်ပုံ -ထွဋ်ခေါင်

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ခိုအောင်းနေသည့်နေရာများအား ချေမှုန်းနေပြီး စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ မိုးဗြဲမြို့၏ (၂)မိုင်ကျော်အကွာအဝေးနှင့်အနောက်မြောက်ဘက်ခြမ်းတွင်ရှိသော ခမရ (၄၂၂)တပ်တွင်းမှ မိုးဗြဲမြို့တွင်းသို့ စစ်ကောင်စီက ထိုးစစ်ဆင်ခဲ့ပြီး တိုက်ပွဲများပြင်းထန်နေခြင်းဟု သိရသည်။

“စစ်ကောင်စီတပ်တွေက ၄၂၂ တ​ပ်ထဲကနေ မိုးဗြဲ မြို့ထဲကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်း ထိုးတယ်ပေါ့နော်။ပြီးရင်တော့ ဒီ စေတမန်လို ဘာသာရေးအဆောက်အဦးမှာ တပ်စွဲတာတွေ၊ကာကင်းထားတာတွေလုပ်တယ်။တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။စစ်ကောင်စီတပ် ခိုအောင်နေတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်ချေမှုန်းတာတွေလုပ်တယ်။စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီးတော့ စစ်ကြောင်းထိုး၊ဒရုန်း တွေနဲ့တိုက်ခိုက် လေကြောင်းတွေနဲ့ ဗုံးကြဲ ဒီလို အဆက်မပြတ် လုပ်နေတာရှိတယ်”ဟု အထက်ပါတာဝန်ရှိသူက လက်ရှိမိုးဗြဲမြို့စစ်ရေးအခြေအနေကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

လတ်တလောစစ်ရေးအရ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်တွင်လည် ထိခိုက်မှုနှင့် ကျဆုံးမှုအချို့ရှိကြောင်း ၎င်းက အသိပေးသည်။

ယမန်နှစ် နိုဝင်ဘာကစ၍ ခမရ(၄၂၂)တပ်ရင်းအား စစ်သည်အင်အားဖြည့်တင်းပြီးနောက် မိုးဗြဲ မြို့တွင်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သည့် မိုးဗြဲမြို့သည် နှစ်ဖက်စစ်ရေးအရ အရေးပါသည့် နယ်မြေဟု ဒေသတွင်းစစ်ရေးလေ့လာသူတစ်ဦးက ဆိုသည်။

“စကစ စစ်လန်ပြီး မိုးဗြဲက ၄၂၂ တပ်ကိုသာ ထပ်ခြိမ်းခြောက်နိုင်ရင် ဖယ်ခုံနဲ့ လွိုင်ကော် မြို့တော်က သူတို့အတွက်ထပ်ပြီး စိုးရိမ်စရာဖြစ်လာမယ်။ဒီလိုပဲ မိုးဗြဲသာ စကစ ဘက်က နယ်မြေရမယ်ဆိုရင် ဒီးမော့ဆို၊ဘောလခဲကြောအထိပွင့်ဖို့က ရာခိုင်နှုန်းများတယ်”ဟု ၎င်းက ပြောသည်။

ကရင်နီပူးပေါင်းတပ်က ၂၀၂၃ ဒီဇင်ဘာက ထိန်းချုပ်ခဲ့သည့် မိုးဗြဲမြို့ကို ပြန်ရရန် စစ် ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီ တတိယပတ်ကစ၍ မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက် နက်များဖြင့်ပါ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းတိုက်ပွဲမှာအာဏာသိမ်းစစ်တပ်က စစ်သားတွေ ထိခိုက်သေဆုံးမှုများနေတာကြောင့်လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စင်းခန်းနဲ့ ဇင်းဘုံမှာ တိုက်ပွဲပြင်းထန်၊ အလံဖြူထောင်တဲ့ သင်္ဘောပေါ်က စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေသိမ်းရ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း နဲ့ ရခိုင်ပြည်နယ်နယ်စပ်ဒေသတွေဖြစ်တဲ့ငါးသိုင်းချောင်း၊ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ခဲယမ်းပေါက်ကွဲသံတွေကို မြို့ပေါ်တွေကနေကြားနေတယ်လို့ဒေသခံတွေကပြောပါတယ်။