Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့ကျောင်းရှေ့အမှိုက်ပုံ၌ အမျိုးသမီးရုပ်အလောင်းစွန့်ပစ်မှုဖြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ရှိ အထက်တန်ကျောင်းရှေ့အမှိုက်ပုံတွင် ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် အမျိုးသမီးရုပ်အလောင်းတစ်လောင်းကို ယနေ့(မတ်လ ၄ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့သည်။

အမှိုက်ပုံ၌ စွန့်ပစ်ထားသည့် ရုပ်အလောင်းအား ဒေသခံများက ကြည့်ရှု့နေစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံရပ်ကွက်ရှိ အထက်တန်ကျောင်းရှေ့အမှိုက်ပုံတွင် ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် အမျိုးသမီးရုပ်အလောင်းတစ်လောင်းကို ယနေ့(မတ်လ ၄ရက်) နံနက်ပိုင်းက တွေ့ရှိခဲ့သည်။

ရုပ်အလောင်းက လတ်လတ်ဆတ်ဆတ်ကြီးဖြစ်တာ ဟုတ်တယ်။သွားကြည်တော့ ထိတ်လန့်တုန်လှုပ်စရာဗျ”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ပလပ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် အဆိုပါရုပ်အလောင်းကို နံနက် ၅နာရီခန့်တွင် ဒေသခံများကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနားမြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည်မြို့ဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်ရဲတပ်ဖွဲ့ရုံး အခြေစိုက်သည့်မြို့လည်းဖြစ်သည်။ အင်ဂျန်ဒုံရပ်ကွက်သည် မြို့အတွင်းရှိရပ်ကွက်ဖြစ်ပြီး ယခုဖြစ်စဉ်ကို ဒေသခံများက ကြောက်လန့်နေကြသည်။

” မြို့ထဲမှာ လောင်းကစားရုံတွေ၊ ကေတီဗီတွေ အများကြီးပဲ။အရမ်းပျက်စီးသွားပြီ။ တရားဥပဒေစိုးမိုးမှုဘာမှမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရုပ်အလောင်းအား စစ်ကောင်စီ၏ ရဲများကလာရောက်သယ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေများကို မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။