Connect with us

Hi, what are you looking for?

သတင်း

ရန်ပုံငွေကျပ်သိန်း ၇၀၀၀ နီးပါးရှာနိုင်ခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ကိုရီးယား ဖျော်ဖြေပွဲ

တော်လှန်ရေးကာလမှာ ပြုလုပ်တဲ့ အဆို‌တော်ဖြူဖြူကျော်သိန်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲက‌နေ ရန်ပုံငွေ ကျပ်သိန်း ၇၀၀၀ ခန့်ရရှိခဲ့‌တယ်လို့ ဒီပွဲကိုစီစဉ်တဲ့ Phyu Phyu In Korea ပေ့ခ်ျကအသိပေးထားပါတယ်။

ဆဏ်း / People’s Spring

တော်လှန်ရေးကာလမှာ ပြုလုပ်တဲ့ အဆို‌တော်ဖြူဖြူကျော်သိန်းရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲက‌နေ ရန်ပုံငွေ ကျပ်သိန်း ၇၀၀၀ ခန့်ရရှိခဲ့‌တယ်လို့ ဒီပွဲကိုစီစဉ်တဲ့ Phyu Phyu In Korea ပေ့ခ်ျကအသိပေးထားပါတယ်။

“”Phyu Phyu In Korea” ပွဲကြီးမှ ကိုရီးယားဝမ်ပေါင်း “သိန်း နှစ်ထောင့်နှစ်ရာ ကိုးဆယ့်ငါးသိန်း ခုနှစ်သောင်း ငါးထောင့် ငါးရာ” တိတိ ( မြန်မာငွေ သိန်းခြောက်ထောင့်ရှစ်ရာခန့်) ရရှိခဲ့ပါတယ်။” လို့ အသိပေးထားပါတယ်။

ဒီပွဲကရရှိတဲ့ ထောက်ပံ့ငွေတွေကို ပြည်တွင်းကလိုအပ်နေတဲ့ နေရာအသီးသီးကို ကူညီသွားမယ်လို့ Phyu Phyu in Korea ပေ့ခ်ျက ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲကို မတ်လ ၁ ရက်ကပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပွဲကို ကိုရီးယားရောက်မြန်မာတွေတင်မဟုတ်ပဲ စင်္ကာပူ၊ ဂျပန်၊ တရုတ် နဲ့ သြစတေးလျ နိုင်ငံတွေကပါလာရောက်အားပေးသူတွေရှိတယ်လို့ဆိုပါတယ်။

ဒီပွဲနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းကလည်း မိုးထဲရေထဲမှာ ရုံပြည့် လာရောက်အားပေးခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့ ပွဲနေ့က ကျေးဇူးတင်စကားပြောထားပါတယ်။

ဒီပွဲကို ကိုရီးယားနိုင်ငံရောက် တော်လှန်ဘက်တော်သား လူငယ်တွေက စီစဉ်ခဲ့တာဖြစ်ပြီး ပွဲလက်မှတ်တွေက တစ်ရက်မပြည့်ခင် ရောင်းကုန်သွားခဲ့တာပါ။

ဖြူဖြူကျော်သိန်းက တော်လှန်ကာလမှာ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီ့ပွဲမှာလည်း အောင်မြင်မှုရခဲ့ပါတယ်။

ဒီပွဲတွေကို ဖြူဖြူကျော်သိန်းက သူမရဲ့ အနုပညာကြေး မယူပဲ ဖျော်ဖြေပေးနေတာပါ။

ဖျော်ဖြေပွဲတွေကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်လိုတဲ့ ဆန္ဒရှိပေမယ့် သူမရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်တယ်လို့ ဖြူဖြူကျော်သိန်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အဆိုတော်ဖြူဖြူ‌ကျော်သိန်းက ဗီဇာမရတာကြောင့် နယူး‌ယောက်မှာ ပြုလုပ်မယ့်ပွဲကို မလာနိုင်ပေမယ့် အွန်လိုင်းက ဖျော်ဖြေဖို့ စီစဉ်နေတယ်လို့ NYCBC က အသိပေးထားပါတယ်။

သတင်း

မြန်မာပြည်မှာ‌မွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ‌ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာ‌ကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။

သတင်း

အနုပညာသက်တမ်း ၂၃ နှစ်ပြည့်မှာ ကိုယ်တိုင်ရေးသားထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်း ၁၁ ပုဒ်ပါဝင်မယ့် တစ်ကိုယ်တော်ခွေသစ်ဖြန့်ချိမယ်လို့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ပြောပါတယ်။

Facebook