Connect with us

Hi, what are you looking for?

သတင်း

မုံးစီးဒေသ၌ အရပ်သားနှင့် KIAရဲဘော်များပစ်ခတ်ခံရမှု MNDAA ရုံးရှေ့တွင် ဒေသခံများဆန္ဒပြ

ရွှေတူးဖော်သည့် တရုတ်လုပ်ငန်းရှင်များအား ဒေသခံများတားစီးစဉ် ခိုက်ရန်ဖြစ်ပြီးနောက် MNDAA တပ်ဖွဲ့က ပစ်ခတ်ခြင်းဖြစ်ဟု သတင်းရင်းမြစ်ပြော

မုံးစီးဒေသ၌ အရပ်သားနှင့် KIA ရဲဘော်များပစ်ခတ်ခံရမှုအပေါ် MNDAA ရုံးရှေ့တွင် ဒေသခံများဆန္ဒပြနေစဉ်

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်မိုင်း၊ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ၌ ရွှေတူးဖော်နေသည့် တရုတ်လုပ်ငန်းရှင်များအား ဒေသခံများက သွားရောက်တားဆီးစဉ် ခိုက်ရန်ဖြစ်ပွားပြီးနောက် ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ဒေသခံနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

မတ်လ ၅ရက် နေ့လည်ပိုင်းက မုံးစီးဒေသ ပြိန်းခမ်းကျေးရွာအနီးရှိ ရွှေလုပ်ကွက်တွင် ဒေသခံများက ရွှေတူးဖော်သူများအား သွားရောက်တားဆီးခဲ့ရာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃ဦး၊ KIA တပ်ဖွဲ့ဝင် ၂ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့ဟု ဒေသအခြေစိုက် The Kachin Sub-State Mediaက ဖော်ပြသည်။

ယင်းဖြစ်စဉ်မှာ မှန်ကန်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောသည်။ ဖြစ်စဉ် အခြေအနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

အလားတူ MNDAA ပြောရေးဆိုခွင့်ရှိသူထံသို့လည်း ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဒေသသတင်းရင်းမြစ်က “ အဲဒီဒေသမှာ ဒေသခံ ပြည်သူလူထုရဲ့ ခွင့်ပြုချက် မရဘဲနဲ့ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး တရုတ်လုပ်ငန်းရှင် အုပ်စုတခုက အဲဒီမှာ ရွှေတူးဖော်နေတာ”ဟု ပြောသည်။ အဆိုပါ ရွှေတူဖော်ရာ၌ ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စက်ယန္တရားများသုံး၍ တူးဖော်လာမှုကြောင့် ကျေးရွာအနီး လယ်ကွင်းနှင့် ချောင်းများပျက်စီးလာသည့် အခြေအနေတွင် ဒေသခံများက တူးဖော်ခြင်းမပြုရန် တားဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ရွှေမတူးရန် ဒေသခံများက အကြိမ်ကြိမ် မေတ္တာရပ်ခံမှုအပေါ် တရုတ်လုပ်ငန်းရှင်များက လက်မခံ၍ ယနေ့ (မတ်လ ၅ရက်)တွင် ဒေသခံ ပြည်သူများနှင့် အရပ်၀တ် ဝတ်ထားသည့် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ရွှေမတူးရန် ပြောဆိုရာ အငြင်းအခုန်ဖြစ်ပြီး ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့ဟုဆိုသည်။ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုနှင့် နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးပေ။

“အရပ်သား ပြည်သူလူထုတွေက တရုတ်လုပ်ငန်း အုပ်စုတွေကို ကျေးရွာနဲ့ နီးတယ် လယ်ကွင်းတွေ အကုန်ပျက်စီးလာနိုင်ခြေရှိတယ် မြစ်ချောင်းတွေ ပျက်စီးလာနိုင်ခြေရှိတယ် သွားတောင်းဆိုတာကို တရုတ် အုပ်စုတွေက လက်မခံတော့ ခိုက်ရန်ဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ ဒေသခံ ပြည်သူလူထုတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြန်ဆင်းလာတာ ပြန်ဆင်းလာတဲ့အချိန် လမ်းမှာ ကိုးကန့်တပ်ဖွဲ့တွေက ရောက်ရှိလာပြီး ဘာမှမပြောမဆိုနဲ့ သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အချိန်မှာ အရပ်သား ပြည်သူလူထုတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ လောလောဆယ် သိရှိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ညနေပိုင်းအထိ သတင်းများအရ မုန်းစီးကျေးရွာအတွင်း ဒေသခံ ပြည်သူများနှင့် ကိုးကန့်တပ် MNDAA အကြား တင်းမာမှု ဖြစ်ပေါ်နေသည်ဟု သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဒေသခံပြည်သူများက မုန်းစီးကျေးရွာရှိ MNDAA တပ်ဖွဲ့ရုံးသို့ သွားရောက်ဆန္ဒထုတ်ဖော်နေသည့် ရုပ်သံမှတ်တမ်းအချို့လည်း လူမှုကွန်ရက်၌ တွေ့ရသည်။

ဒေသခံများက MNDAA ရုံးသို့ သွားရောက်ဆန္ဒပြရာ၌ ပစ်ခတ်ခံရ၍ သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ကားပေါ်တင် ဆန္ဒထုတ်ဖော်နေကြသည်ကို တွေ့ရပြီး သေဆုံးသူများ၏ မိသားစုဝင်များက ငိုယိုနေမှုကိုလည်း တွေ့ရသည်။ MNDA တပ်ဖွဲ့ဝင်များကိုလည်း ဆန္ဒပြသူများအနီး တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။