Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စစ်ကိုင်းတိုင်းကို စက်တပ်​လေထီးနဲ့ ပိုတိုက်နိုင်ဖို့ မုံရွာမှာ အထိုင်စခန်းထားဖို့စီစဥ်​နေ

စစ်​ကောင်စီက စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ စက်တပ်‌ လေထီး တွေကြီးကြပ်မယ့် အထိုင်စခန်းတခုချထားပြီး စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဖို့ စစ်​ကောင်စီက စီစဥ်​နေတယ်လို့ စစ်တပ်သတင်းအရင်းမြစ်​တွေက​ပြောပါတယ်။

စစ်​ကောင်စီရဲ့ စက်တပ် ​လေထီး ၂ စီးကို စစ်ကိုင်းတိုင်းတ​နေရာမှ​တွေ့ရစဥ်။ ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ

ရှိန်း/People’s Spring

စစ်​ကောင်စီက စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ စက်တပ်‌လေထီး တွေကြီးကြပ်မယ့် အထိုင်စခန်းတခုချထားပြီး စစ်ကိုင်းတိုင်းအတွင်းကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဖို့ စစ်​ကောင်စီက စီစဥ်​နေတယ်လို့ စစ်တပ်သတင်းအရင်းမြစ်​တွေက​ပြောပါတယ်။

မုံရွာမြို့နယ်အတွင်း စက်တပ်လေထီးအထိုင်စခန်းတခုကို စစ်ကောင်စီက ​လေတပ်ကအရာရှိ​တွေကြီးကြပ်တည်​ဆောက်ပြီး ​စစ်ကိုင်းတိုင်းအ

တွင်းက မြို့နယ်အားလုံးကို လွှမ်းခြုံတိုက်ခိုက်နိုင်ဖို့ စီစဥ် နေတာလို့စစ်တပ်တွင်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကချင်နဲ့ တောင်ခမ်းကို အဓိက လေယာဉ်သုံးချင်တယ်။စစ်ကိုင်းတိုင်းကို Paramoterနဲ့နယ် မြေရယူဖို့ ပြင်ဆင်နေတာ။ဒီနောက်ပိုင်း ထပ်တိုးပြီးတိုက်လိမ့်မယ်”လို့ သူကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်မှာလည်း စစ်တပ်က စက်တပ်လေထီးတွေကို စတင်အသုံးပြု နေတယ်လို့ အဲဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

“လွန်ခဲ့တဲ့ ၅ရက်လောက်က‌ ချပ်သင်းတိုက်ပွဲမှာ

စသုံးတယ်။စကစက ဒရုန်းနဲ့ ညှပ်ပြီးသုံးတာ။ညဘက်ဆိုရင် Paramoter ကချသွားတာလား၊ဒရုန်းကချသွားတာလားမသိဘူး။‌ဗုံးတွေပေါက်ကွဲပြီးမှကျွန်‌တော်တို့ကသိရတာ”လို့ ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းကတော်လှန် ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စက်တပ် လေထီးအသုံးပြုမှုကို ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းမှာ မန္တလေးတိုင်း၊တောင်သာမြို့နယ်နဲ့နွားထိုးကြီးမြို့နယ်တွေမှာ စတင်အသုံးပြုခဲ့တာပါ ။

၂၀၂၅ခုနှစ်အတွင်းမှာ​တော့စစ်ကိုင်းတိုင်းက မုံရွာ၊ချောင်းဦး ၊ကနီ ၊မင်းကင်း စတဲ့မြို့နယ် တွေမှာပါ အသုံးပြုလာတာပါ။အလာတူ မ​ကွေးတိုင်းမှာလည်း စက်တပ်​လေထီး​တွေကို စစ်တပ်က ပိုသုံးလာပါတယ် ။

စက်တပ်​လေထီးဟာ ​​ဈေးကြီးတဲ့ ​လေယာဥ်ဆီအသုံးချရမှုကို ​လျော့ချပြီး စာရိတ်နည်နည်းနဲ့ ​လေ​ကြောင်းကတိုက်ခိုက်နိုင်တာ ၊ ​လေယာဥ်သံလိုစက်သံအကျယ်ကြီးမကြားရတာ ၊ ​ကောင်ကင်အမြင့်မှာ ပျံသန်းပြီးလက်နဲ့ ဗုံးချတိုက်ခိုက်တာမို့ အမြင့်ကို​ရောက်​အောင်ပစ်ခတ်ဖို့ခက်ခဲတာ ၊ ညဘက်

နဲ့ မနက်အလင်း ရောင် သေချာမရ သေးတဲ့အချိန် တွေမှာ အသုံးပြု နေတာမို့ တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်တိုက်ခိုက်ဖို့ အခက်အခဲ​တွေရှိ​နေပါတယ် ။

ဒါ​ပေမယ့် မြိုင် ပကဖ နဲ့ ​တော်လှန်​ရေးအဖွဲ့​တွေက မတ်လ ၄ ရက်မှာ အမှတ် ၂၂ ကာကွယ်​ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )ကပျံသန်းလာတဲ့ စက်တပ် ​လေထီး ၂ စီးကို ပွိုင့် ဖိုက် နဲ့ပစ်ခတ် တိုက်ခိုက်တာမှာ ​လေထီး​မောင်းစစ်သားတစ်ဦး ​ပေါင်ထိမှန်ပြီး​ခြေ​ထောက်ဖြတ်ရတယ်လို့ တပ်တွင်းကသတင်းရရှိတယ် လို့ မြိုင် ပကဖ ကတာဝန်ရှိသူက ​ပြောပါတယ် ။

ဒါအပြင် အာရက္ခတပ်​တော် (AA ) နဲ့ စစ်​ကောင်စီတပ်တို့ ရဲ့ ​ဖေ​ဖော်ဝါရီလအတွင်း ရခိုင်ရိုးမ​ပေါ်က တိုက်ပွဲမှာ AA ကစက်တပ်​လေးထီး ၂ စီးကို ပစ်ချနိုင်ခဲ့တယ် လို့ ​ဒေသတွင်း သတင်းဌာန​တွေက​ဖော်ပြခဲ့ကြပါတယ် ။ဒါ​ပေမယ့် People’s Spring ကသီးခြား​တော့ အတည်မပြုနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook